၅/တွေလက်စွမ်းပြလိုက်ပြီ

ရွှေဘိုမြို့နယ်၊ သီးလုံးရွာရှိ စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် ပိုက်သိမ်းရန်ကုန်၊ ဇန်နဝါရီ ၂၁စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာရှိ အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် ပိုက်သိမ်းခဲ့ကြောင်း BGS Ayadaw Drone Force အဖွဲ့ထံမှ သိရသည်။ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊သီးလုံးကျေးရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲထားသော စခန်းများကို သိမ်းပိုက်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ပွဲတွင် ရွှေဘိုမြို့နယ် နှင့် ဒီပဲယင်းမြို့နယ် အတွင်းရှိ မဟာမိတ်ရဲဘော်များ ဖိတ်ကြားချက်အရ BGS Ayadaw Drone Force အဖွဲ့ကလည်း ဦးဆောင်၍ အရာတော်မြို့နယ်၊ တိုက်နယ် အမှတ်‌ ၄ ရဲဘော်များ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့ နှင့် မုံရွာခရိုင် တပ်ရင်း (၁၉) တို့ ပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ပြီး တင့်ကားဖျက် RPG ဗုံးသီးတစ်လုံး၊ ၆၀ မမ ဗုံးသီးတစ်လုံး အပါအဝင် ဒရုန်းဗုံးသီးများစွာဖြင့် စခန်းသိမ်းတိုက်ပွဲကို ပါဝင်တိုက်ခိုက်ပေးခဲ့ကြောင်း သိရှိရသည်။ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ရွှေဘိုလေ့ကျင့်ရေး အမှတ် ၈ တပ်စခန်းနှင့် ရွှေဘိုမြို့နယ် ဖုတ်ကုန်းကျေးရွာ တပ်စခန်းများမှလည်း တာဝေးပစ် လက်နက်ကြီး ဟောင်ဝှစ်ဇာများဖြင့် တော်လှန်ရေး ရဲဘော်များကို ၁၀ ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ရွှေဘိုမြို့နယ်ရှိ ပန်းရံရွာ၊ လိပ်ချင်းရွာမှ ပျုစောထီးစခန်းများကလည်း ၈၁ မမလက်နက်ကြီးများဖြင့် အကြိမ်ရေ ၂၀ ထက်မနည်း တော်လှန်ရေး ရဲဘော်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ပွဲကို BGS Ayadaw Drone Force အဖွဲ့မှ သွားရောက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်မှု သတင်း နှင့် ပူးပေါင်းပါဝင် တိုက်ခိုက်သည့် တပ်ရင်းတပ်ဖွဲ့ အမည် စာရင်းများကို မသိရသေးကြောင်း BGS Ayadaw Drone Force အဖွဲ့က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *