ဇာတ်တူသား​ တွေစားကုန်ပြီး

NCA လက်မှတ်ရေးထိုးထားသော PNLO/PNLA တောင်ကြီး ဆက်ဆံရေးရုံးကို စစ်တပ်က ဝင်စီးပြီး PNLA အရာရှိ ၃ ဦးကို ဖမ်းဆီးရန်ကုန်၊ ဇန်နဝါရီ ၂၂ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုး ထား သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA)၏ တောင်ကြီးဆက်ဆံရေးရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး PNLA အရာရှိ ၃ ဦးကို အကြမ်းဖက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ယမန်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာတွင် အကြမ်းဖက် စစ်တပ်၊ လက်အောက်ခံ PNO ပူးပေါင်းအဖွဲ့နှင့် PNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်က တောင်ကြီးမြို့ရှိ PNLO/PNLA ၏ ဆက်ဆံရေး ရုံးကို ဝင်ရောက်စီးနင်းခြင်း ဖြစ် ကြောင်း၊ စစ်တပ်က တောင်ကြီးဆက်ဆံရေး ရုံးမှ PNLA အရာရှိ ၃ ဦးဖြစ်ကြသည့် ဗိုလ်မှူးမင်းသိန်း၊ ဗိုလ်ကြီး တီလား၊ ဦးလှဝင်း တို့ကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။ “မနေ့က စစ်တပ်လက်အောက်ခံ PNO နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲPNLA တို့ ဟိုပုံးမဲနယ်တောင်မှာ တိုက်ပွဲဖြစ်ပြီးတော့ တောင်ကြီးPNLA ဆက်ဆံရေးရုံးမှ PNLA ဗိုလ်ကြီးသုံးဦးကို PNO နဲ့ ဝောာင်ကြီးစရဖက စစ်ကား တွေ နဲ့ လာဖမ်းသွားတယ်။ ကျန်တဲ့သူတွေလည်း စိုးရိမ်နေရတယ်” ဟု ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။ PNLO/PNLA သည် လက်ရှိတွင် စစ်တပ်နှင့် အပစ်ရပ်ရေးသဘောတူညီမှု စာချုပ် NCA ကို လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်ပြီး ဆက်ဆံရေးရုံးမှ အရာရှိများကို ဖမ်းဆီးခြင်းသည် နှစ်ဖက် သဘောတူညီထားမှုကို ချိုးဖောက် မှုဖြစ်ကြောင်း PNLA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။ ဓာတ်ပုံ- PNLA တပ်ဖွဲ့ဝင်တချို့။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *