အလှူပစ္စည်းတွေ ရလိုက်ပြန်ပြီဗျို့ (ရုပ်သံ)

မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

+++++++++++++++++++

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ် မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ရှေ့တန်း သတင်းရင်းမြစ်များရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် KIA က မန်ဝိန်းကြီး စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ထပ်မံသိမ်းပိုက်ခဲ့ကာ စခန်းအတွင်း လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *