ဆေးရုံးရောက်ရင် လဲ ဆေးမှားထိုးမိပီး ကြွအုံးမှာ

Update -လေယာဥ်လမ်း​ချော်ပြီး ဒဏ်ရာရစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေကို​ဆေးရုံသယ်​ပေးတဲ့ လူနာတင်ယာဥ်မ​တော်တဆထပ်ဖြစ်

ဇန်နဝါရီလ ၂၄

အိန္ဒိယနိုင်ငံ ၊၊မီဇိုရမ်ပြည်နယ်။ လန်ပူအီ ​လေဆိပ်မှာ ​လေယာဥ်မ​တော်တဆဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ သူ​တွေကို သယ်လာပြီး​လေဆိပ်က​နေ ​ဆေးရုံသွားတဲ့ လူနာတင်ယာဥ်တစ်စီးဟာ

အ​ရေး​​ပေါ်ထွက်​ပေါက်က​နေထွက်တာမှာ ​လေဆိပ်အထွက် ခုံး​ကျော်တံတားနဲ့ ကားအမိုးနဲ့မလွတ်ဘဲငြိ​နေတဲ့အတွက် အချိန်အ​တော်ကြာမှပြန်ထွက်နိုင်ခဲ့တယ်လို့ The Lairam Times သတင်းဌာနက​ဖော်ပြပါတယ် ။

​စစ်​ကောင်စီရဲ့ Y-8 ​လေယာဥ်​ပေါ်မှာ ​လေယာဥ်မှူးအပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးလိုက်ပါလာပြီး ၈ ဦးဒဏ်ရာရခဲ့ပြီး ၄ ဦးကဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ် ။ကျန် ၆ ဦးက​တော့ဒဏ်ရာမရခဲ့ပါဘူး ။ ဒဏ်ရာရ လူနာ ၂ ဦးကို သယ်ပြီးအ​ရေး​ပေါ်ထွက်​ပေါက်က ထွက်တဲ့ လူနာတင်ယာဥ်ဟာ ​လေဆိပ်အထွက် ခုံး​ကျော်တံတားနဲ့ ကားရဲ့အ​ပေါ်ပိုင်းနဲ့ ငြိပြီး ​မောင်းမရဖြစ်ခဲ့တာပါ ။အချိန်အ​တော်ကြာမှ ကားကို​နောက်ပြန်ဆုတ်ပြီး ထွက်နိုင်ခဲ့ပါတယ် ။ဒါ​ပေမယ့် လူနာတင်ယာဥ် အ​ပေါ်ပိုင်းပျက်စီးသွားတယ် လို့ The Lairam Times သတင်းဌာနက​ဓါတ်ပုံနဲ့တကွဖော်ပြထားပါတယ် ။

ဒဏ်ရာရစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေကို လန်ပူအီ​ဆေးရုံကိုပို့ဆောင်ကုသ​ပေး​နေတယ်လို့သိရပါတယ် ။

စစ်​ကောင်စီလေယာဥ်ဟာရက္ခိုင့်တပ်​တော်-AA ကတိုက်ခိုက်လို့ စစ်ရှုံးပြီး အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သား ၂၇၆ ဦးထဲက မ​ခေါ်ရ​သေးတဲ့ ၉၂ ဦးကိုရင်း ဒီ​နေ့ (ဇန်နဝါရီ ၂၃ )နံနက် ၁၀ နာရီ ၁ဌ မိနစ်မှာ ​လန်ပူအီ​လေဆိပ်အဆင်းမှာ ပြေးလမ်းချော်ပြီး မ​တော်တဆမှုဖြစ်ပွားခဲ့တာပါ။ယ်

လေယာဥ်ဟာ ခါကျိုးအက်သွားတာကိုပုံ​တွေမှာ​တွေ့ရပြီး ​လေယာဥ်ဆီက​နေ ထမ်းစင်နဲ့ ဒဏ်ရာရသူအချို့ကို ​ခေါ်ထုတ်​နေတာကိုလည်း The Lairam Times သတင်းဌာနက​ဖော်ပြထားပါတယ် ။ ​စစ်​ကောင်စီရဲ့ လေယာဥ်မ​တော်တဆမှု​ကြောင့် လန်ပူအီ ​လေဆိပ်ကိုပါ ယာယီပိတ်လိုက်ရပြီး ​လေ​ကြောင်းခရီးစဥ်​တွေအကုန် ဖျက်သိမ်းခဲ့ရတယ်လို့အိန္ဒိယသတင်းဌာန​တွေက​ဖော်ပြပါတယ် ။

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်အဖြစ် ၉၂ ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။ ဒါ​ကြောင့်အဲဒီစစ်သား ၉၂ ဦးဟာ စစ်​ကောင်စီက​နောက်ထပ်လွှတ်မယ့်​လေယာဥ်တစ်စီးကိုထပ်​စောင့်​နေကြပါတယ် ။

နိုဝင်ဘာလဆန်းက စစ်ကိုင်းတိုင်း ခါမ်းပတ်မြို့သိမ်းတိုက်ပွဲ ၊ချင်းပြည်နယ်က ရိ​ခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲ​တွေကစပြီး စစ်​ကောင်စီတပ်သား​တွေဟာ စစ်ကိုင်း၊ချင်း၊ရခိုင်​ဒေသတိုက်ပွဲ​တွေမှာ စစ်ရှုံးရင်အိန္ဒိယကိုထွက်​ပြေးကြတာ ၂ လအတွင်း ၇၀၀ ခန့်ရှိခဲ့ပါတယ် ။ အခုထွက်​ပြေးတဲ့ စစ်သား​တွေဟာ AA က ဇန်နဝါရီ ၁၃ ရက်မှာ ပလက်ဝ​ဒေသ ခန်ခ​တောင်ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့အခါ အိန္ဒိယထွက်​ပြေးကြတဲ့စစ်သား​တွေဖြစ်ပါတယ် ။

သူတို့ဟာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ၊လန်ပူအီမြို့ကို ဇန်နဝါရီ ၁၇ ရက်မှာ ​ရောက်သွားကြတာပါ ။အိန္ဒိယအစိုးရက ​ရှေ့မှာစစ်ရှုံးပြီးထွက်​ပြေးလာတဲ့စစ်သား​တွေတုန်းကလိုပဲ စစ်​ကောင်စီကိုပဲပြန်လွှဲ​ပြောင်း​ပေး​နေတာပါ။

လေဆိပ်အဆင်းမ​တော်တဆ ဖြစ်တဲ့ ​လေယာဥ်ဟာ စစ်​ကောင်စီက သယ်ယူပို့​ဆောင်​ရေးယာဥ်အဖြစ်အဓိကအသုံး

ပြုပြီး ဒီ​နောက်ပိုင်းတိုက်ပွဲ​တွေမှာ ဗုံးကျဲ​လေယာဥ်အဖြစ်ပါအသုံးချလာတဲ့ Y8 ​လေယာဥ်ပါ။ တရုတ်နိုင်ငံထုတ် Y8 ​လေယာဥ်​တွေဟာ စစ်​တပ်ဆီမှာ အရင်ကလည်းမ​တော်တဆမှု ​တွေမကြာခဏဖြစ်ဖြစ်ဖူးပါတယ် ။

(​လေယာဥ်မ​တော်တဆ ဖြစ်ပြီး ဒဏ်ရာရ စစ်​ကောင်စီတပ်ဖွဲ့ဝင်သယ်​ဆောင်လာတဲ့ လူနာတင်ယာဥ် မ​တော်တဆထပ်ဖြစ်စဥ်နှင့် ကားပျက်စီးသွားမှု ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *