ပျုမွှင်းခါး၂၅ပွဲတဲ့ ရှယ်ပဲ

ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က ၂၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ…

++++++++++++++

ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာက ပျူစောထီးအထိုင်စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ၄ နာရီခန့်မှာ တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်က ၂၅ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ပါတယ်။

ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ ပျူစောထီးအထိုင်စခန်းကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)နဲ့ ခရိုင် PDF တပ်ရင်းတို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်ကောင်စီတပ်သား၊ ပျူစောထီး ၂၅ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများဆီက သေနတ် ၈ လက်၊ ကျည်ဆံ များ၊ Jammer စက် ၂ လုံး၊ ဖုန်းနဲ့ ကျည်ဘောက်များ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း ၄၊ ရွှေဘိုခရိုင် တပ်ရင်း ၂၅ ၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့၊ ကန့်ဘလူမြို့နယ် ပကဖ တပ်ဖွဲ့နဲ့ ဒေသခံ ပကဖ များ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော် ၄ ဦးနဲ့ ပကဖ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *