သူခိုးသား၁၀၀၀ကိုနေရာရွှေ့ပြောင်း

နမ့်စန် စစ်ကောင်စီ တပ်စခန်းများတွင် လုံခြုံရေး အစောင့်အရှောက်ဖြင့် ထား ရှိထားသော ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်တချို့နှင့် ကျားဖြန့် ပိုင်ရှင်တချို့ အပါ အဝင် တရုတ် ၁၀၀၀ ကျော်ကို နေရာ ပြောင်းရွှေ့ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်တပ်စခန်းများတွင် လုံခြုံရေး အစောင့် အရှောက် ဖြင့် ထားရှိထားသော ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် တချို့နှင့် ကျားဖြန့် ပိုင်ရှင်တချို့ အပါအဝင် တရုတ် ၁၀၀၀ ကျော်ကို စစ်တပ်က ကျိုင်းတုံသို့ စတင် ရွှေ့ ပြောင်းလျက်ရှိကြောင်း သိရှိရသည်။ ယမန်နေ့တွင် ရန်ကုန်ခေတ်သစ်သတင်းဌာနက နမ့်စန် တပ်စခန်းများတွင် လောက်ကိုင်ဒေသမှ ကိုးကန့်ပြည်သူ့စစ်များ၊ ကျားဖြန့် လုပ်ကိုင်သူများကို စစ်တပ်က အစောင့်အရှောက်ဖြင့် ခေါ်ယူစောင့်ရှောက်ထားကြောင်း သတင်း ဖော်ပြပြီးနောက် စစ်တပ်က တရုတ် ၁၀၀၀ ကျော်ကို ဖမ်းဆီးရရှိခြင်း ဖြစ် ကြောင်း၊ ခေါ်ယူထားခြင်းမဟုတ်ကြောင်း သတင်းထုတ်ပြန်မှုများ စစ်တပ်က လုပ်ဆောင်ခဲ့သည်။ ယင်းနောက် ယနေ့တွင်မူ အထူးလုံခြုံရေးဖြင့် စောင့်ရှောက်ထားသော ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်တချို့၊ ကျားဖြန့် ပိုင်ရှင်တချို့ကို အာရာဖတ်ကား များဖြင့် လည်းကောင်း၊ သာမန် တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကိုမူ ကုန်တင် ကား ကြီးများဖြင့်လည်းကောင်း ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ “VIP ကိုးကန့်ခေါင်းဆောင်တွေနဲ့ ကျားဖြန့် ပိုင်ရှင်တွေကိုတော့ အာရာဖတ် (Toyota Alphard) ကား တွေနဲ့ ခေါ်ထုတ်သွားတယ်။ သာမန် တရုတ် နိုင်ငံသား တွေကိုတော့ ဆယ်ဘီး ကား တွေနဲ့ ရွှေ့တယ်။ တရုတ်နိုင်ငံသား တွေတော့ တရုတ်ပြန်လွှဲမယ်ထင်တယ်။ ဟို VIP တွေကိုတော့ တစ်နေရာ ရွှေ့တာနေမယ်။ တရုတ်တော့ လွှဲမှာမဟုတ်ဘူး” ဟု တပ်နှင့်နီးစပ်သော သတင်း ရင်းမြစ်က ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *