ဆီဆိုင်မြို့ အခြေစိုက် ခလရ ၄၂၄မှ လနများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ဆီဆိုင်မြို့ အခြေစိုက် စစ်ကောင်စီတပ် ခလရ ၄၂၄ တပ်ရင်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တိုက်ခိုက်သိမ်းပိုက်

လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

+++++++++++++++

ဇန်နဝါရီ ၂၇ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က လုံခြုံရေးဆိုင်ရာ လှုပ်ရှားနေရင်း မနေ့ (ဇန်နဝါရီလ ၂၆ရက်နေ့)က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ ခလရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ပြီး သိမ်းပိုက်မှုအပြီး လက်နက် ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ PNLO/PNLA က ထုတ်ပြန်ပါတယ်။

PNLA အနေနဲ့ ပအိုဝ်းဒေသအတွင်း ပြည်သူများ လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုဆောင်ရွက်နေပြီး မနေ့က နေ့လည် ၁၂ နာရီ မိနစ် ၅၀ အချိန်မှာ စစ်ကောင်စီ လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ် ပူးပေါင်းအင်အား ၁၅၀ ခန့်ဟာ ဆီဆိုင်မြို့နယ်၊ လွယ်ထွဲရွာအနီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ကို လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပြည်သူ့စစ်အဖွဲ့ကို PNLA က ပြန်လည်တိုက်ထုတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ ပြည်သူ့စစ် အလောင်း ၁ လောင်းနဲ့ လက်နက်၁ လက် ကျန်ရှိခဲ့တယ်လို့ PNLA က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဆီဆိုင်မြို့နဲ့ ကျေးရွာများကို မနေ့က တနေကုန် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခတ်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များနဲ့ တနေကုန် ဗုံးကျဲတိုက်ခိုက်ခြင်းများကြောင့် ပြည်သူများရဲ့ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီးထိခိုက်မှုရှိခဲ့တယ်လို့လည်း PNLA က ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *