ခဝေးတွေအထိနာပြီး စခန်းစွန့်ပြေးကြပြန်ဘီ

ကော့ကရိတ်မှာတိုက်ပွဲဖြစ်ပြီး အထိနာတဲ့စစ်အုပ်စုကပြန်ဆုတ်သွားလို့ PDFတွေနယ်မြေရှင်းလင်းရေးလုပ်နေဟုထုတ်ပြန်

ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အလက(၂)တောင်ပေါ်ရပ်လမ်းဆုံမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ကြား ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး ဆုတ်ခွာသွားတယ်လို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ၅ Justice Soldier PDFဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်၁၁နာရီမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ တနာရီနီးပါးဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အကျအဆုံးများစွာနဲ့ ပြန်ဆုတ်သွားလို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့သိရပါတယ်။

အခုလအစောပိုင်းကစပြီး ကော့ကရိတ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး စစ်အုပ်စုကလည်း မြို့မကျရေးအတွက် မြေပြင်ဝေဟင်ကနေ အပြင်းအထန်ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်အုပ်စုဘက်က လေကြောင်းကနေ နေ့စဉ်ဆိုသလို ကော့ကရိတ်မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်နဲ့ အသုံးပြုနေတယ်လို့လည်းသိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *