လောင်းလုံးပွဲဆက်နေပြီ ဒုန်းဒုန်းဒုန်း

လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားနေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ကာ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ စရဖရုံးနှင့် ဂိတ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မြို့ပေါ်တွင် ဆူညံနေကြောင်း သိရသည်။

“လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေတာ ဟုတ်ပါတယ်။ အခြေအနေ အသေးစိတ်တော့ မသိရှိရသေးဘူး” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် လောင်းလုံးမြို့ပေါ်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများကို ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ကာစတန်ဆိပ်ကမ်းအနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီးအထိုင်ချ၍ ပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိချိန်တွင် လောင်းလုံးမြို့ပေါ်တွင် နေထိုင်သော ပြည်သူတချို့သည် နီးစပ်ရာ နေရာများကို တိမ်းရှောင်နေရပြီး အများစုသည် နေအိမ်များထဲ၌ ပုန်းအောင်းနေရကြောင်း သိရှိရသည်။

ေလာင္းလုံးၿမိဳ႕ေပၚရွိ စစ္တပ္ တပ္စြဲထားေသာ ေနရာမ်ားကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ား ဝင္ေရာက္ တိုက္ခိုက္ေနၿပီး တိုက္ပြဲျဖစ္ပြားေန
ရန္ကုန္၊ ဇန္နဝါရီ ၃၀
တနသၤာရီတိုင္း၊ ေလာင္းလုံးၿမိဳ႕ေပၚရွိ အၾကမ္းဖက္ စစ္တပ္ တပ္စြဲထားေသာ ေနရာမ်ားကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ား ဝင္ေရာက္ တိုက္ခိုက္ေနၿပီး တိုက္ပြဲျဖစ္ပြားေနေၾကာင္း ေလာင္းလုံးၿမိဳ႕နယ္ PDF မွ တာဝန္ရွိသူ တစ္ဦးႏွင့္ ေဒသတြင္း သတင္းရင္းျမစ္မ်ားက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
ယေန႔ ဇန္နဝါရီလ ၃၀ ရက္ေန႔ နံနက္အေစာပိုင္းမွ စတင္ကာ ေလာင္းလုံးၿမိဳ႕ေပၚရွိ အၾကမ္းဖက္ စစ္တပ္ တပ္စြဲထားေသာ ရဲစခန္း၊ စရဖ႐ုံးႏွင့္ ဂိတ္စခန္းမ်ားကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ဝင္ေရာက္ တိုက္ခိုက္ေနၿပီး လက္နက္ႀကီး၊ လက္နက္ငယ္ ပစ္ခတ္သံမ်ား ၿမိဳ႕ေပၚတြင္ ဆူညံေနေၾကာင္း သိရသည္။
“ေလာင္းလုံးၿမိဳ႕ေပၚမွာ တိုက္ပြဲျဖစ္ပြားေနတာ ဟုတ္ပါတယ္။ အေျခအေန အေသးစိတ္ေတာ့ မသိရွိရေသးဘူး” ဟု ေလာင္းလုံးၿမိဳ႕နယ္ PDF မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။
ထို႔ျပင္ ေလာင္းလုံးၿမိဳ႕ေပၚရွိ တိုက္ပြဲျဖစ္ပြားရာ ေနရာမ်ားကို ထားဝယ္ၿမိဳ႕၊ ၾကက္စားျပင္ရပ္ကြက္ရွိ ကာစတန္ဆိပ္ကမ္းအနီးရွိ အၾကမ္းဖက္ စစ္ေကာင္စီတပ္သားမ်ားကလည္း လက္နက္ႀကီးအထိုင္ခ်၍ ပစ္ခတ္ေနေၾကာင္း ေဒသတြင္း သတင္းရင္းျမစ္မ်ားထံမွ သိရသည္။
လက္ရွိခ်ိန္တြင္ ေလာင္းလုံးၿမိဳ႕ေပၚတြင္ ေနထိုင္ေသာ ျပည္သူတခ်ိဳ႕သည္ နီးစပ္ရာ ေနရာမ်ားကို တိမ္းေရွာင္ေနရၿပီး အမ်ားစုသည္ ေနအိမ္မ်ားထဲ၌ ပုန္းေအာင္းေနရေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *