KIA ပစ်ခဲ့တဲ့ငှက်ကင်အား ပြည်သူတွေကို ကြည့်ရှုခွင့်ပြု

KIA ပစ်ချခဲ့တဲ့ တိုက်လေယာဉ်အား ပြည်သူတွေကို ကြည့်ရှုခွင့်ပြု

ဧရာဝတီ၊ ဇန်နဝါရီ ၂၉၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ချခဲ့တဲ့ စစ်ကောင်စီ လေတပ်ရဲ့ FTC 2000G တိုက်လေယာဉ်ကို နေ့စဉ်လာရောက်ကြည့်ရှုသူတွေ များ ပြားနေပါတယ်။

အဲဒီ တိုက်လေယာဉ်ဟာ KIA က နမ့်ဖတ်ကာကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၂၃ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ KIA က ပစ်ချခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒေသခံတွေ လာရောက်ကြည့်ရှုခွင့်ကိုလည်း ခွင့်ပြုထားပါတယ်။

လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူး တဦးသေဆုံးကာ တဦးက ထွက်ပြေးလွတ်မြောက်သွားပြီး တိုက်လေယာဉ်ပေါ်မှာ သေနတ်ထိမှန်ထားတဲ့ အပေါက်အရာတွေ တွေ့ရှိခဲ့ပါတယ်။

ဒါ့ပြင် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက်တချို့ကို စစ်ကောင်စီက လက်နက် ကြီး၊ တိုက်လေယာဉ်နဲ့ ထောက်ပို့ယာဉ်တွေက ဗုံးကြဲတိုက်ခိုက်ထားတာကြောင့် နေအိမ်အများအပြား ထိခိုက် ပျက်စီးခဲ့ပါတယ်။

သတင်းနှင့် ဓာတ်ပုံ – မိုင်းခြိူဝ်းဇာရ်၊ ဧရာဝတီ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *