ထိပ်တိုက်ဆော်နေဘီ(ရုပ်/သံ)

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ဇန်နဝါရီ ၃၀ ရက်

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင် ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်မှ သတင်းထုတ်ပြန် ထားပါတယ်။

ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ သောင်ရှေ့ကျေးရွာမှ နွယ်နီကျေးရွာသို့ တက်လာတဲ့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဉီး ထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အဆိုပါစစ်ကြောင်းဟာ ခြံယာဆိပ်ကမ်းမှတစ်ဆင့် မြင်းခြံမြို့နယ် ဆိတ်ညံဆိပ် ကမ်းသို့ ကူးသွားတယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ နွေဦးစစ်သည်ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ေရစႀကိဳၿမိဳ႕နယ္ ေရလယ္ကြၽန္းေဒသကို စစ္ေၾကာင္းထိုးလာတဲ့ အၾကမ္းဖက္စစ္တပ္နဲ႔ ေတာ္လွန္ေရးတပ္ေတြ တိုက္ပြဲျဖစ္ပြား (႐ုပ္/သံ)
ဇန္နဝါရီ ၃၀ ရက္
မေကြးတိုင္း ေရစႀကိဳၿမိဳ႕နယ္ ေရလယ္ကြၽန္းေဒသကို အင္အား ၁၀၀ ေက်ာ္နဲ႔ စစ္ေၾကာင္းထိုး ဝင္ ေရာက္လာတဲ့ အၾကမ္းဖက္စစ္တပ္စစ္ေၾကာင္းအား ေတာ္လွန္ေရးတပ္ေတြက တိုက္ခိုက္ခဲ့ရာ တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕- ေရစႀကိဳၿမိဳ႕နယ္မွ သတင္းထုတ္ျပန္ ထားပါတယ္။
ဇန္နဝါရီ ၂၈ ရက္ နံနက္ ၁၀ နာရီခန႔္က ေရစႀကိဳၿမိဳ႕နယ္ ေရလယ္ကြၽန္းေဒသ ေသာင္ေရွ႕ေက်း႐ြာမွ ႏြယ္နီေက်း႐ြာသို႔ တက္လာတဲ့ အင္အား ၁၀၀ ေက်ာ္နဲ႔ စစ္ေၾကာင္းထိုးလာတဲ့ အၾကမ္းဖက္စစ္တပ္ကို ေတာ္လွန္ေရးတပ္ေတြက တိုက္ခိုက္ခဲ့ရာ စစ္သား ၅ ဉီး ထိခိုက္ဒဏ္ရာရရွိသြားတယ္ လို႔ သိရပါတယ္။
တိုက္ခိုက္ခံရတဲ့ အဆိုပါစစ္ေၾကာင္းဟာ ၿခံယာဆိပ္ကမ္းမွတစ္ဆင့္ ျမင္းၿခံၿမိဳ႕နယ္ ဆိတ္ညံဆိပ္ ကမ္းသို႔ ကူးသြားတယ္လို႔ သိရပါတယ္။
အထက္ပါတိုက္ခိုက္မႈကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕-ေရစႀကိဳၿမိဳ႕နယ္(ပ.က.ဖ)ႏွင့္အတူ ေႏြဦးစစ္သည္ေရလယ္ကြၽန္းေဒသစစ္ေၾကာင္းတို႔မွ ပူးေပါင္းလုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *