အစတည်းကမရှိသင့်တဲ့ ခြေဥ

၂၀၀၈ ခြေဥအရ ရွေးကောက်ပွဲ ထပ်လုပ်ရင် စစ်တပ်ကို အချိန်အကန့်အသတ်မရှိ အုပ်ချုပ်ခွင့် ပေးလိုက်တာဖြစ်တယ်လို့ NUG, KNU, KNPPနဲ့ CNF တို့ ဘုံသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြ…++++++++++++++++ဇန်နဝါရီ ၃၁ ၂၀၀၈ အခြေခံဥပဒေအတိုင်း စစ်ကောင်စီက ရွေးကောက်ပွဲထပ်လုပ်ဖို့ ​ကြိုးစားနေတာဟာ ဒီမိုကရေစီကို အကောင်အထည်ဖော်ဖို့မဟုတ်ဘဲ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေပြီး စစ်တပ်ကို အချိန်အကန့်အသတ်မရှိ အုပ်ချုပ်ခွင့် ပေးလိုက်တာသာ ဖြစ်တယ်လို့ NUG, KNU, KNPPနဲ့ CNF တို့ ဘုံသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့များရဲ့ ဘုံသဘောထားရပ်တည်ချက်ကို NUG, KNU, KNPP နဲ့ CNF တို့က ဒီကနေ့ ထုတ်ပြန်ရာမှာ ဖော်ပြထားတာပါ။ အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးအရ ဦးတည်ချက် ၆ ချက်၊ ရပ်တည်ချက် ၉ ချက်နဲ့ လုပ်ငန်းစဥ် ၆ ချက် ကို ဖော်ပြထားပါတယ်။ မြန်မာစစ်တပ် နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့နဲ့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ စီမံအုပ်ချုပ်မှုအောက် အပြည့်အဝထားဖို့ဆိုတာ အပါအဝင် နိုင်ငံရေးဦးတည်ချက် ၆ ချက်ကို မြန်မာစစ်တပ်က လက်ခံလာရင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနဲ့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးမယ်လို့ လုပ်ငန်းစဥ်မှာ ဖော်ပြထားပြီး စစ်တပ်ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့ အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက် အကောင်အထည်ဖေါ်ဖို့ လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *