၃ပွင့်နဲ့တစ်ကောင်အပါအဝင်အကောင်ကြီးတွေမိထားဘီ

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၅ ဦးကို ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော ၃ ပွင့်ဗိုလ်အဆင့်ရှိသူ တစ်ဦးအပါအဝင် ၁၅ ဦးကို အရှင်ဖမ်းမိထားကြောင်း CDF – Daai အထွေထွေအတွင်းရေးမှူး ဆလိုင်းအိုက်အိပ်စ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၃၀ ရက် နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ CDF – Daai ထိန်းချုပ်နယ်မြေအတွင်း သွားလာနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၁ – ခမရ ၂၁၇၊ ခမရ ၃၇၆၊ ခမရ ၅၃၈၊ ခမရ ၂၂၀၊ ခမရ ၂၁၉၊ ခမရ ၃၈ ၊ ခမရ ၅၈၇ နှင့် ခမရ ၉၀၈ တို့မှ ထွက်ပြေးလာ သုံးပွင့်ဗိုလ်ကြီးအဆင့်ရှိ သူ ၁ ဦး၊ နှစ်ပွင့် ဗိုလ်အဆင့်ရှိသူ ၁ ဦး၊ ထောက်လှမ်းရေးအရာရှိ(IO) တစ်ဦးအပါအဝင် အကြပ်၊ ရဲဘော် စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ယူဆချက်အရတော့ ဒဏ်ရာတွေလည်းရထားတယ်ဆိုတော့ တချို့ကတော့ တိုက်ပွဲဖြစ် လို့ထွက်ပြေးလာတဲ့ဟာမျိုးတွေပေါ့နော်၊ တချို့ကတော့ ဒီအတိုင်းပဲ တပ်ကိုစွန့်ပြီးတော့ ထွက်ပြေး လာတာဖြစ်နိုင်တယ်၊ ဒါပေမယ့် တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတယ်လို့ပဲ ကျနော်တို့က ယူဆတယ်၊ ကျနော်တို့ဆီမှာ လာရောက်ခိုလှုံတာလည်းမဟုတ်ဘူး၊ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ ခြေဦး တည်ရာထွက်ပြေးနေတာကိုး၊ လက်နက်ခဲယမ်းတော့မပါဘူး၊ လောလောဆယ်တော့ သူတို့ကို တတ် နိုင်သမျှကူညီပေးတာတော့ရှိတယ်၊ ဆေးကုပေးတာ၊ အဝတ်အစားပေးတာကအစ လိုအပ်တဲ့ အစာ ရေစာပေးတာကအစပေါ့” ဟု CDF – Daai အထွေထွေအတွင်းရေးမှူး ဆလိုင်းအိုက်အိပ်စ် က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်သားများအနက် အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦးနှင့် သာမန်ဒဏ်ရာရရှိသူ ၂ ဦးတို့ကို CDF – Daai မှ ဆေးကုသမှုများ ပြုလုပ်ပေးကာ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

CDF – Daai အနေဖြင့် ဒိုင်ရ်ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသဖြင့် ရေကြောင်းဖြင့်သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုများကို ယနေ့ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၄ ရက်အနေ့အထိ လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် အသိပေးထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *