ဘဝသံသရာပေဖြစ်ရင်ခံနိုင်ဘို့အသင့်ပြင်ထားပါ👇👇👇👇👇👇👇

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးကို စစ်ကောင်စီအနားပေး~~~■ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသစ်ခန့်အပ်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးကနေ ဖယ်ရှားပြီး ဦးကိုကို ဆိုသူကို အစားထိုးခန့်အပ်ကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့ညမှာ ကြေညာလိုက်ပါတယ်။ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ ဦးသိန်းစိုးဟာ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တာဝန်ကနေ အနားယူခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် နောက်တစ်ခါ ပြန်လည်ခန့်အပ်ခံခဲ့ရတာပါ။ ဒီကာလမှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို အသစ်ပြန်လည်ပြင်ဆင်ပြီး ပြဌာန်းချက်အသစ်တွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စတဲ့ အတိုက်အခံ အင်အားကြီးပါတီတွေ ရပ်တည်ခွင့် ဖျက်သိမ်းခံခဲ့ရပါတယ်။ အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်အပ်မယ်လို့ ပြောဆိုခဲ့တဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံရေးပါတီ ၄ဝ လောက်က ခေါင်းဆောင်တွေနဲ့ ဒီလဆန်းပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဒီနှစ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမယ်လို့ ပြောခဲ့ပါတယ်။ သန်းခေါင်စာရင်းကောက်ယူပြီး ရွေးကောက်ပွဲကျင်းပသွားမယ်လို့ မကြာခဏပြောနေပေမဲ့ ကျင်းပမယ့်အချိန်ကာလကိုတော့ အခုထိ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။စစ်ကောင်စီဟာ အာဏာသိမ်းသုံးနှစ်ပြည့်တဲ့နေ့မှာပဲ အရေးပေါ်ကာလ သက်တမ်း ခြောက်လ ထပ်တိုးခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် နေရာတချို့ကို အပြောင်းအလဲလုပ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။____၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးအား တွေ့ရစဉ်။ (ဓာတ်ပုံ : တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *