စခ ဒေါက်တိုင်မှန်သမျှဖြုတ်ချကြ

အာဏာသိမ်းမှု ၃ နှစ်ပြည့်မှာ အမေရိကန်က ရွှေဗျိုင်းဖြူကုမ္ပဏီ၊ မြန်မာကြယ်ငါးပွင့်ရေကြောင်းကုမ္ပဏီနဲ့ ခရိုနီ ၄ ဦးကို အရေးယူပိတ်ဆို့…+++++++++++++++ဖေဖော်ဝါရီ ၁ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်နီးစပ်တဲ့ ခရိုနီ လုပ်ငန်းရှင် ၄ ဦးနဲ့ ကုမ္ပဏီ ၂ ခုတို့ကို အရေးယူပိတ်ဆို့လိုက်တယ်လို့ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက အာဏာသိမ်းမှု ၃ နှစ်ပြည့်မှာ ထုတ်ပြန်ကြေညာပါတယ်။ အရေးယူပိတ်ဆို့ခံရတဲ့ ကုမ္ပဏီ၂ ခုမှာ ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းအုပ်စု (SBP) နဲ့ မြန်မာ့ဦးပိုင်လီမိတက်က ပိုင်ဆိုင်တဲ့ မြန်မာကြယ်ငါးပွင့်ရေကြောင်းကုမ္ပဏီတို့ဖြစ်ပြီး လူပုဂ္ဂိုလ် ၄ ဦးကတော့ ရွှေဗျိုင်းဖြူလုပ်ငန်းအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်၊ ဇနီးဖြစ်သူ ဒေါ်တင်မင်းလတ်၊ သမီးဖြစ်သူ သိမ့်ဝင်းထက်၊ သားဖြစ်သူ ဝင်းပိုင်ကျော် တို့ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ကုမ္ပဏီစတင်တည်ထောင်ခဲ့တဲ့ ရွှေဗျိုင်းဖြူအုပ်စု(SBP)ဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက် (MEHL) ကိုယ်စား မြန်မာစစ်တပ်အတွက် ရေနံတင်သွင်းဖြန့်ဖြူးပေးသလို SBP လက်အောက် ကုမ္ပဏီခွဲ အနည်းဆုံး ၉ ခုရှိသလို ရေနံလုပ်ငန်း၊ ထုတ်လုပ်ရေးနဲ့ ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။ပုံစာ – ပိတ်ဆို့ခံရတဲ့ ခရိုနီမိသားစု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *