ရန်ကုန်ကတာဝန်ကျေပြီးရင်းကျေပဲ

ကြည့်မြင်တိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်နှင့် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို Operation Flame (OF) အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်း စစ်ဆင်ရေးသည် Operation Flame (OF) ၏ ဒုတိယမြောက် စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ မတရားအာဏာသိမ်းခြင်း ၃ နှစ်ပြည့်ကို ခုခံတွန်းလှန် တော်လှန်ခြင်းနှင့် မတရားဖိနှိပ် ညှင်းဆဲသတ်ဖြတ်ခံခဲ့ရသော တော်လှန်ရေးရဲဘော် ရဲဘက်များ အားလုံးကိုယ်စား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Operation Flame (OF) အဖွဲ့သည် ဆက်လက်၍ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ၊ ရန်ကုန်အတွက်အောင်ပွဲဆီသို့ တော်လှန်ရေး ညီနောင်ရဲဘော်များ အားလုံးနှင့် အတူလက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *