ကရင်နီပြည်ကပွဲမှာ မက်စေ့ငုံခဲ့တဲ့ခဝေးအရေအတွက်

အာဏာသိမ်း ၃နှစ်တာကာလအတွင်း ကရင်နီပြည်က တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် သုံးထောင်နီးပါးသေဆုံး

ဖေဖော်ဝါရီ-၂

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ကရင်နီပြည်နယ်အတွင်းမှာ

ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၃ထောင်နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်က တိုက်ပွဲတွေအတွင်းမှာ စစ်တပ်တပ်ဖွဲ့ဝင် ၂၉၈၆ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပေါင်း ၉၆၀ ဖြစ်ခဲ့ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က ၄၇၇ ဦး သေဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၂၀၃ကြိမ် ပြုလုပ်ထားပြီး စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ထားတယ်လို့ PKPFက ဆိုပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၄၅၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၁၄၉ ဦးပါဝင်တယ်လို့ PKPF က ဆိုပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာရေးအဆောက် အအုံ ၄၈ လုံး၊ ဆေးရုံ ဆေးခန်း ၁၄ လုံး၊ စာသင်ကျောင်း ၂၂ လုံးနဲ့ လူနေအိမ် ၂၃၇၅ လုံး ပျက်စီးခဲ့ရတယ်လို့ PKPF ရဲ့ စာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွေထဲမှာ စစ်ကောင်စီက ဖမ်းဆီးတာ ခံထားရသူ ၁၅၂ ဦးရှိပြီး အဲဒီထဲမှာသေဒဏ် ကျခံထားရသူ သုံးဦးနဲ့ ထောင်ဒဏ်တစ်သက် ကျခံထားရသူ ခုနှစ်ဦးအထိရှိတယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-စစ်တပ်တပ်ဖွဲ့ဝင်တွေရဲ့ ပုံဟောင်းဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *