မြိုင်မြိုင်ဆိုင်ဆိုင်ကလိုက်ပြန်ပြီ(ရုပ်သံ)

မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာနေရာများနှင့် ကန်နီပျူစောထီးကျေးရွာကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာများကို ရှော့ တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း MPL People Defense Force ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ကို ပြင်း ပြင်းထန်ထန် ဆန့်ကျင်သော အားဖြင့် မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာ များကို ရော့ကတ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို MPL တိုက်နယ် ၄ ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်း- ၆ MVRF၊ အညာဒေါင်း၊ သိန်းငှက်နီ၊ အညာမုန်တိုင်း၊ Gen-21၊ Mying Fighter ၊ Eagle Brigade ၊ ဦးလေးကြီး ၊ အမေ့သား ၊ ထိရှ ၊ မိုင်းတစ်ထောင် ဗိုလ်ပြောင် ၊ ဂိတ်ဆုံး ၊ နှလုံးလှလူမိုက် ၊ ဒေါင်းလံလွှင့်မည့် စေတမာန် နှင့် ဗိုလ်မိုးသီး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း N -YSO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နံနက် ၁၀ နာရီခန့်က စစ်အာဏာသိမ်းခြင်း ၃ နှစ်ပြည့်ကို ဆန့်ကျင် သည့် အနေဖြင့် မြိုင်မြို့နယ်၊ ကန်နီပျူရွာကို တော်လှန်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် တိုက်ခိုက်ခဲ့ပြီး N -YSO ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် Fixed Wing Drone များဖြင့် ဗုံးသီး ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ၊ အပြန်အလှန် ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်၊ ခွေး သေထိခိုက်ပျက်စီးမှုကတော့ တိတိကျကျ မပြောတတ်ဘူး၊ နေအိမ်မီးလောင်တာတွေရှိပါတယ်၊ မီးငြှိမ်းတာတောင် ကောင်းကောင်းမငြိမ်းနိုင်ဘူး၊” ဟု N -YSO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ပခုက္ကူနှင့် မြိုင်ရှိ ပျူစောထီးရွာ နှစ်ရွာအား ဒေငတွင်းPDFများ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ် ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁ရက်) နေ့လယ် ၁နာရီခန့်က မြိုင်မြို့နယ်၊ ကန်နီပျုစောထီးကျေးရွာကို ဒေသတွင်း PDFများက ဒရုန်း​ဖြင့် Drop Bombများ၊ မီးလောင်ဗုံးများ ပစ်ချတိုက်ခိုက်ရာ စခန်းရှိ အဆောက်အအုံတစ်လုံး မီးလောင်ပြာကျပြီး တစ်လုံးပျက်စီးကြောင်း ဒေသခံများက ပြောသည်။

“ရှော့တိုက်ဒုံး စိန်ပြောင်းနဲ့ အနည်းအကျင်းပစ် တယ်။ အလုံး ၃၀လောက်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ နေ့လယ်၂နာရီခန့်ကလည်း ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ကျေးရွာရှိိ ပျူစောထီးစခန်းအား တာဝေးပစ်ရော့ကတ် ရှစ်လုံး

လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRA ONE PKUအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

” ထိခိုက်မှုကတော့ ရှိနိုင်တယ်လို့နီးစပ် သတင်းပေးချက်အရ သိရပါတယ်”ဟု COBRA ONE PKUအဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *