ဟားဟားဟား ငှက်ပျောဖူးကျလို့အော်ပြေးကြတာ ဆူညံနေတာပဲ

မြောင်မြို့မရဲစခန်းနှင့် ချောင်းဦးမြို့နယ်ရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး စစ်ကြောင်းမှူး အပါအဝင် ၁၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းနှင့် ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်ကောင်စီတပ်စခန်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှ ၂ နာရီအချိန်အထိ အဖြူရောင်ကမ်ပိန်းလှုပ်ရှားမှုနှင့် အတူ မြောင်မြို့မရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် AIR BOMB ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၁ ဦးသေဆုံးပြီး စစ်ကြောင်းမှူးအပါအဝင် ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရ သည်။

“မြောင်မြို့ထဲမှာတော့ စစ်ခွေးတွေ လှည့်ပတ်နေတယ်၊ သေသွားတဲ့ တစ်ကောင်ကိုတော့ တစ်ခါ တည်း သေနတ်တွေ ပစ်ဖောက်ပြီး သင်္ဂြိုလ်ပစ်လိုက်တာ၊ ဒရုန်းချတော့ အော်ပြေးကြတဲ့ အသံတွေ ကြားရတယ်၊ မြောင်မှာ ဒုတိယတစ်ခေါက် ချတော့ သင်တန်းသားတွေက အခုမှ စသင်တုန်းမို့ Target နည်းလည်းလေးလွဲသွားလို့ မဟုတ်ရင် ပျူတွေအခုထက်ပိုမိမှာ” ဟု စစ်ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အလားတူ ဖေဖော်ဝါရီလ ၁ ရက် ညနေ ၄ နာရီခန့်မှ ၅ ခန့်အထိ ချောင်းဦးမြို့နယ်၊ နတ်ရေကန် ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးမှာ ခြေထောက်၊ လက်တို့၌ ထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာ စိုးရိမ်ရဖြင့် မြင်းမူဆေးရုံသို့ ကားဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF၊၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း – NRDF၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း – မြေလတ်PDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ CHAUK PDF ၊ မြောင်မြို့မတိုက်နယ် ပကဖ၊ ကလေး ခရိုင် အမှတ် ၁၁ တပ်ရင်း၊ Justice Warrior Forces၊ ရွှေဘိုတိုက်နယ် ပကဖနှင့် ရွှေဘိုတိုက်နယ် ၁ ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ေျမာင္ၿမိဳ႕မရဲစခန္းႏွင့္ ေခ်ာင္းဦးၿမိဳ႕နယ္ရွိ စစ္တပ္ စခန္းကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္မႈ စစ္တပ္ဘက္မွ ၁ ဦးေသဆုံးၿပီး စစ္ေၾကာင္းမႉး အပါအဝင္ ၁၁ ဦး ဒဏ္ရာရ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃
စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕မရဲစခန္းႏွင့္ ေခ်ာင္းဦးၿမိဳ႕နယ္၊ နတ္ေရကန္ စစ္ေကာင္စီတပ္စခန္းကို ဒ႐ုန္း ျဖင့္ ဗုံးက်ဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၁ ဦးေသဆုံးၿပီး ၁၁ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း စစ္ကိုင္း ခ႐ိုင္အမွတ္ ၄ တပ္ရင္း – MSPDF မွ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ မလြင္ဂူးက ရန္ကုန္ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာၾကားသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ မြန္းလြဲ ၁ နာရီ ၁၅ မိနစ္မွ ၂ နာရီအခ်ိန္အထိ အျဖဴေရာင္ကမ္ပိန္းလႈပ္ရွားမႈႏွင့္ အတူ ေျမာင္ၿမိဳ႕မရဲစခန္းအတြင္းရွိ စစ္ေကာင္စီတပ္သားမ်ားကို “Shar Htoo WAW” နည္းပညာ တိုက္ခိုက္ေရး Fixed Wing Drone မ်ားျဖင့္ AIR BOMB ၄ လုံး က်ဲခ်တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္ သား ၁ ဦးေသဆုံးၿပီး စစ္ေၾကာင္းမႉးအပါအဝင္ ၃ ဦး အျပင္းအထန္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိ ရ သည္။
“ေျမာင္ၿမိဳ႕ထဲမွာေတာ့ စစ္ေခြးေတြ လွည့္ပတ္ေနတယ္၊ ေသသြားတဲ့ တစ္ေကာင္ကိုေတာ့ တစ္ခါ တည္း ေသနတ္ေတြ ပစ္ေဖာက္ၿပီး သၿဂႋဳလ္ပစ္လိုက္တာ၊ ဒ႐ုန္းခ်ေတာ့ ေအာ္ေျပးၾကတဲ့ အသံေတြ ၾကားရတယ္၊ ေျမာင္မွာ ဒုတိယတစ္ေခါက္ ခ်ေတာ့ သင္တန္းသားေတြက အခုမွ စသင္တုန္းမို႔ Target နည္းလည္းေလးလြဲသြားလို႔ မဟုတ္ရင္ ပ်ဴေတြအခုထက္ပိုမိမွာ” ဟု စစ္ကိုင္း ခ႐ိုင္အမွတ္ ၄ တပ္ရင္း – MSPDF မွ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ မလြင္ဂူးက ရန္ကုန္ေခတ္သစ္ သတင္းဌာန ထံသို႔ ေျပာၾကားသည္။
အလားတူ ေဖေဖာ္ဝါရီလ ၁ ရက္ ညေန ၄ နာရီခန႔္မွ ၅ ခန႔္အထိ ေခ်ာင္းဦးၿမိဳ႕နယ္၊ နတ္ေရကန္ ေက်း႐ြာရွိ အၾကမ္းဖက္စစ္ေကာင္စီတပ္စခန္းကို “Shar Htoo WAW” နည္းပညာ တိုက္ခိုက္ေရး Fixed Wings Drone မ်ားျဖင့္ AIR BOMB ၄ လုံး က်ဲခ်တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၃ ဦးမွာ ေျခေထာက္၊ လက္တို႔၌ ထိခိုက္ဒဏ္ရာရရွိၿပီး ၅ ဦးမွာ အျပင္းအထန္ ထိခိုက္ဒဏ္ရာ စိုးရိမ္ရျဖင့္ ျမင္းမူေဆး႐ုံသို႔ ကားျဖင့္ ပို႔ေဆာင္လိုက္ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈမ်ားကို စစ္ကိုင္းခ႐ိုင္အမွတ္ ၄ တပ္ရင္း-MSPDF/MSDF၊၊ ျမင္းၿခံခ႐ိုင္အမွတ္ ၈ တပ္ရင္း – NRDF၊ ျမင္းၿခံခ႐ိုင္အမွတ္ ၃ တပ္ရင္း – ေျမလတ္PDF၊ မုံ႐ြာခ႐ိုင္အမွတ္ ၁၂ တပ္ရင္း-တပ္ခြဲ ၂ ၊ မိတၳီလာခ႐ိုင္အမွတ္ ၃ တပ္ရင္း၊ CHAUK PDF ၊ ေျမာင္ၿမိဳ႕မတိုက္နယ္ ပကဖ၊ ကေလး ခ႐ိုင္ အမွတ္ ၁၁ တပ္ရင္း၊ Justice Warrior Forces၊ ေ႐ႊဘိုတိုက္နယ္ ပကဖႏွင့္ ေ႐ႊဘိုတိုက္နယ္ ၁ ပကဖ တို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *