ဘာ​တွေလည်းဟယ် နားရှက်လိုက်တာ ကျားတုတဲ့ ဗိုလ်ကတော်လား ဗိုလ်ကြီးလား

ကော့ကရိတ်မြို့တွင်းရှိ စစ်တပ်အရာရှိများ၏ နေအိမ်များကို စီးနင်းရှာဖွေရာ အမျိုးသမီးလိင်ဖျော်ဖြေရေး ကျားတုကိရိယာမျိုးစုံ၊ ကားလိုင်စင်ပြားအတုများ၊ ပြည်ပဘဏ်စာအုပ်များနှင့် အောက်လမ်းယတြာများ တွေ့ရှိရ ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်တပ်အရာရှိများ၏ နေအိမ်များကို စီးနင်းရှာဖွေရာ အမျိုးသမီး လိင်ဖျော်ဖြေရေး ကိရိယာမျိုးစုံ၊ ကားလိုင် စင် ပြားအတုများ၊ ပြည်ပဘဏ်စာအုပ်များနှင့် အောက်လမ်းယတြာများ တွေ့ရှိရကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ကော့ကရိတ်မြို့နယ်အတွင်းမှ ထွက်ပြေးသွားသော စစ်တပ်အရာရှိများ၏နေအိမ်များကို PDF နှင့် မဟာမိတ်တပ်များက နယ်မြေရှင်းလင်းရာ တရားမဝင်သော ကားလိုင်စင်နံပါတ်ပြားအများအပြား၊ ကားအရောင်းအဝယ်စာချုပ်စာတမ်းများတွေ့ရှိရကြောင်း၊ ယင်းအပြင်ပြည်ပဘဏ်ကတ်မျိုးစုံ၊ငွေတိုးချေးထားသော စာရွက်စာတမ်းစာရင်းများနှင့် အောက်လမ်းဆန်ဆန် ယတြာစာရွက်များကိုလည်းသိမ်းဆည်းတွေ့ရှိရကြောင်း သိရှိရသည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ အရာရှိစစ်ဗိုလ်များသည် ခေတ်အဆက်ဆက် တရားမဝင်သောလုပ်ငန်းပေါင်းစုံဖြင့် စီးပွားရှာကာ ကြီးပွားချမ်းသာလျက်ကြောင်း ၊အဆိုပါ အရာရှိများ၏နေအိမ်များအတွင်း၌ အမျိုးသမီးသုံးလိင်ဖျော်ဖြေရေး ကျားတုမျိုးစုံကိုလည်းတွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *