သွားလေအုန်းတော့နောက်ထပ်ဘေမလေးတွေပါထပ်ပို့ပေးအုန်းမယ်

ကဝမြို့နယ်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးရန်ကုန်၊ ဖေဖော်ဝါရီ ၄ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ကဝမြို့နယ်ဇ သပြုကျေးရွာ ရွာကြီးပိုင်း စာလေးချောက် ကွမ်းယာဆိုင်အနီးတွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ကျော်လွင်ဦး(ခ)ကိုလွင်ကို ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝ ပကဖ) က ပစ်ခတ် တိုက်ခိုက်ခဲ့​​ရာ သေဆုံးခဲ့​ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို သပြေညိုမြို့ပြ စစ်ဆင်ရေး ၄ အဖြစ် ကဝ ပကဖ က ပြုလုပ်ခဲ့ခြင်းကြောင်း၊ သေဆုံးသွားသော ကျော်လွင်ဦး (ခ) ကိုလွင် သည် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး အဖွဲ့ဝင် ၁ ဦးဖြစ်ပြီး ကျေးရွာအတွင်း သတင်းများ လိုက်လံစုံစမ်း၍ အကြမ်းဖက် စစ်တပ်ထံ ပေးပို့နေသူ ဖြစ်ကြောင်း သိရသည်။ထို့ပြင် တော်လှန်ရေး ရဲဘော်များ၏ သတင်းများနှင့် တည်နေရာများကို ပေးပို့၍ ရှာဖွေဖမ်းဆီးခိုင်းခြင်း၊ သပြုကျေးရွာနှင့် အနီးအနားရှိ ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်း၊ ရိုက်နှက်ထုထောင်းခိုင်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ထောင်ချခိုင်းခြင်း၊ မတန်မဆ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ကျူးလွန် ဆောင်ရွက်နေသူ ဖြစ်ပြီး သပြုကျေးရွာနှင့် အနီးအနား ရွာများရှိ ပြည်သူများစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး တချို့လည်း ဖမ်းဆီးခံရကြောင်း၊ ထို့ပြင် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူများကိုလည်း မတန်မဆ ငွေညှစ် ခြိမ်းခြောက်ခဲ့သူဖြစ်ကြောင်း သိရသည်။ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက် စစ်တပ် ထောက်တိုင် စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်း၍ အလင်းဝင်ရောက်လာသူများကို အသက်ချမ်းသာခွင့်ပေးသွားမည်ဟု ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *