ခဝေးတစ်အုပ်ပြေးလိုက်တာ ပြန်တောင်မလှည့်ကြည့်ဘူး(ရုပ်သံ)

ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

+++++++++++++++++++++++++++

ဖေဖော်ဝါရီ ၄ ရက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာအတွင်း အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြီး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ BLACK WOLF – ARMY မှ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ ၁ နှစ်ပြည့်ခြင်းအတွက် လက်စားချေတိုက် ခိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံတပ် တွေ ထိခိုက်မှုများနိုင်တယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးကို BLACK WOLF – ARMY ၊ Who am i – Army ၊ Forest Fighter Army ၊ Snake Eye – People Defwnce force ၊ ပြည်သူ့အစေခံ အဖွဲ့ နဲ့ Taze People defence force အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

+++++++++++++++++++++++++++
ဖေဖော်ဝါရီ ၄ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *