ဖရဲသီးလေးနှင့်ခလေးတွေဘေးကင်းပါစေ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ၊ နှင်းဆီကုန်း “က” ရပ်ကွက်တွင် လက်နက်များ ရှိနေသည်ဟုဆိုကာ စစ်တပ်နှင့်ရဲများ ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ၊ နှင်းဆီကုန်း “က” ရပ်ကွက်တွင် လက်နက်များ ရှိနေသည်ဟုဆိုကာ စစ်တပ်နှင့်ရဲများ ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီမှ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ နှင်းဆီကုန်း “က” ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုတွင် လက်နက်များ ရှိနေသည်ဟုဆိုကာ ဝင်ရောက်စီးနင်းရန်အတွက် စစ်တပ်၊ ရဲနှင့် အထူးတပ်ဖွဲ့များ ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါနေရာတွင် လက်နက်များရှိနေသည်ဟု လွန်ခဲ့သော ၃ ရက်ကတည်း ကပင် သတင်းများရရှိထား၍ ကြိုတင်လေ့လာမှုများ လုပ်ဆောင်ကာ ဝင်ရောက် စီးနင်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ် လူထုဆန္ဒပြပွဲများမှ ပြည်သူများကို ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *