တံခါးပိတ်ပြီး သော့သေချာသိမ်းအုန်း စိုးရိမ်းလို့

မြန်မာ့အကျပ်အတည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေး လုပ်ဦးမည်ရန်ကုန်၊ ဖေဖော်ဝါရီ ၅ မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်း ကုလသမဂ္ဂဘက်က တရားဝင် သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီတွင် မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို တံခါးပိတ်ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေး မတိုင်မီ ဗြိတိန်က မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုသည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီး (Linda Thomas-Greenfield) ကလည်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်အပေါ် ပိုပြင်းထန်သည့် အရေးယူဆုံးဖြတ်ချက်များချမှတ်ရန် ထုတ်ပြန်ထားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း မြန်မာစစ်တပ်အနေဖြင့် အရပ်သားအုပ်ချုပ်မှု စနစ်သို့ ပြန်လည်သွားရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်တွင် ထုတ်ပြန်တောင်းဆိုခဲ့ကြသည်။ ၂၀၂၂ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရန် ချမှတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေး ၊ အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး နှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရေး စသည့် အချက်များ ပါဝင်သည်။သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို လိုက်နာခြင်းမရှိဘဲ ငြင်းဆန်လျက်ရှိကာ ပြည်သူများကို ဖိနှိပ်သတ်ဖြတ်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *