ငမြောက်ငခြောက်နှစ်ကောင်ကိုငရဲပို့

ပေါက်ခေါင်း၊ တောင်လတ်ကြီးကျေးရွာ၏ ပျူစောထီးခေါင်းဆောင် ငမြ နှင့် မင်းလှမြို့နယ်မှ ပျူစောထီး ရှိုင်းလင်းအောင်တို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊တောင်လတ်ကြီးကျေးရွာနေ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ငမြကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း – ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၉ နာရီအချိန်တွင် တောင်လတ်ကြီးကျေးရွာရှိ ငမြ၏ နေအိမ်သို့ သွားရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၊ ပျူစောထီးခေါင်းဆောင် ငမြသည် ပြည်သူ့စစ်အမည်ခံ ပျူစောထီးဖွဲ့စည်းရန်အတွက် ဦးဆောင်လုပ်ကိုင်ခြင်း၊တောင်လက်ကြီးကျေးရွာတွင် ဒကစမှူးလာရောက်အထိုင်ချတပ်ဆွဲစဉ် အနီးကပ်သတင်းပေးခြင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထောင်ထားသောမိုင်းကွင်းနေရာများကို ပြသခြင်း၊ မိုင်းများကိုဖြုတ်ယူပြီး အကြမ်းဖက် စစ်တပ်ကို အပ်နှံခြင်း၊လောင်ကစားဝိုင်းထောင်ပြီးလိုင်းကြေးကောက်ကာ အကြမ်းဖက် စစ်တပ်ထံ ပေးပိုထောက်ပံ့ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၏ သတင်းအချက်လက်များကိုထောက်လှမ်းကာ အကြမ်းဖက် စစ်တပ်ထံမျက်နှာလိုမျက်နှာရသတင်းပေးပို့နေခြင်းများ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရှိရသည်။

ငမြကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ(၁)နှင့်ပေါက်ခေါင်းမြို့နယ်(ပကဖ)တို့က အတူပူးပေါင်း၍ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် တော်လှန်ရေးအဖွဲ့များ အနေနှင့် ငမြ အလိုကျ ဆောင်ရွက်ပေးနေသည့် ငမြ တပည့် ပျူစောထီး ၅ ဦး၏ အမည်နှင့် နေရပ်လိပ်စာ၊ သတင်းအချက်အလက်များကို ရရှိထားပြီး ဖြစ်၍ ၎င်းတို့အနေနှင့် အကြမ်းဖက်စစ်တပ်အလိုကျဆက်လက်လုပ်ဆောင်နေပါက ငမြကဲ့သို့ ပြတ်ပြတ်သားသားရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း – ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့် -မြိုချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ် တောင်အနီးတွင် ပျူစောထီး ရှိုင်းလင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွား ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က မင်းလှမြို့နယ်၊ ပက်တန်းအုပ်စု၊ မုက္ခာကျေးရွာက ပျူစောထီး ရှိင်းလင်းအောင်သည် စိန်ကန့်လန့်−မြိုချောင်း ရိုးမဖြတ်ကျော်လမ်း ခါ ချဥ်တောင်အနီးသို့ ဆိုင်ကယ်စီးလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း၊ ၄င်းထံမှ ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၀၀၀ ကျပ်နှင့် မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပျူစောထီး ရှိင်းလင်းအောင်သည် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများ စိုက်ပျိုး ထားသည့် သီးနှံများနှင့် နေအိမ်များကို စစ်ကောင်စီတပ်သားများနှင့်ပေါင်းကာ မတရားဖျက်ဆီး ရယူခြင်း၊ စစ်ကောင်စီတပ်သားများကို ရိက္ခာထောက်ပံ့ပေးခြင်း၊ စစ်ကောင်စီတပ်သားများ ရိုးမပေါ် သွားလာရေးအတွတ် ကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးခြင်း တို့လုပ်ဆောင်နေသဖြင့် ပစ်ခတ်ရှင်း လင်းရခြင်းဖြစ်ကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူက ရှင်းပြသည်။

ဓာတ်ပုံ- ပျူစောထီးရှိုင်းလင်းအောင်သေဆုံးနေစဉ်။

ေပါက္ေခါင္း၊ ေတာင္လတ္ႀကီးေက်း႐ြာ၏ ပ်ဴေစာထီးေခါင္းေဆာင္ ငျမ ႏွင့္ မင္းလွၿမိဳ႕နယ္မွ ပ်ဴေစာထီး ရႈိင္းလင္းေအာင္တို႔ ပစ္ခတ္ခံရၿပီး ေသဆုံး
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၅
ပဲခူးတိုင္း၊ ေပါက္ေခါင္းၿမိဳ႕နယ္၊ေတာင္လတ္ႀကီးေက်း႐ြာေန အၾကမ္းဖက္စစ္တပ္၏ လက္ေအာက္ခံ ပ်ဴေစာထီးေခါင္းေဆာင္ ငျမကို ပစ္ခတ္ရွင္းလင္းခဲ့ရာ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ျပည္ခ႐ိုင္တပ္ရင္း – ၃၆၀၁ PPDF တပ္ရင္း ဆက္သြယ္ေရးႏွင့္သတင္းျပန္ၾကားတာဝန္ခံက ေျပာၾကားသည္။
ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ ည ၉ နာရီအခ်ိန္တြင္ ေတာင္လတ္ႀကီးေက်း႐ြာရွိ ငျမ၏ ေနအိမ္သို႔ သြားေရာက္ရွင္းလင္းခဲ့ျခင္း ျဖစ္ေၾကာင္း ၊ ပ်ဴေစာထီးေခါင္းေဆာင္ ငျမသည္ ျပည္သူ႔စစ္အမည္ခံ ပ်ဴေစာထီးဖြဲ႕စည္းရန္အတြက္ ဦးေဆာင္လုပ္ကိုင္ျခင္း၊ေတာင္လက္ႀကီးေက်း႐ြာတြင္ ဒကစမႉးလာေရာက္အထိုင္ခ်တပ္ဆြဲစဥ္ အနီးကပ္သတင္းေပးျခင္း၊ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက ေထာင္ထားေသာမိုင္းကြင္းေနရာမ်ားကို ျပသျခင္း၊ မိုင္းမ်ားကိုျဖဳတ္ယူၿပီး အၾကမ္းဖက္ စစ္တပ္ကို အပ္ႏွံျခင္း၊ေလာင္ကစားဝိုင္းေထာင္ၿပီးလိုင္းေၾကးေကာက္ကာ အၾကမ္းဖက္ စစ္တပ္ထံ ေပးပိုေထာက္ပံ့ျခင္း၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ရဲေဘာ္မ်ား၏ သတင္းအခ်က္လက္မ်ားကိုေထာက္လွမ္းကာ အၾကမ္းဖက္ စစ္တပ္ထံမ်က္ႏွာလိုမ်က္ႏွာရသတင္းေပးပို႔ေနျခင္းမ်ား လုပ္ေဆာင္ေနသူ ျဖစ္ေၾကာင္း သိရွိရသည္။
ငျမကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ျပည္ခ႐ိုင္တပ္ရင္း (၃၆၀၁ PPDF)တပ္ရင္း တပ္ခြဲ(၁)ႏွင့္ေပါက္ေခါင္းၿမိဳ႕နယ္(ပကဖ)တို႔က အတူပူးေပါင္း၍ ရွင္းလင္းခဲ့ျခင္း ျဖစ္ေၾကာင္း၊ ထို႔ျပင္ ေတာ္လွန္ေရးအဖြဲ႕မ်ား အေနႏွင့္ ငျမ အလိုက် ေဆာင္႐ြက္ေပးေနသည့္ ငျမ တပည့္ ပ်ဴေစာထီး ၅ ဦး၏ အမည္ႏွင့္ ေနရပ္လိပ္စာ၊ သတင္းအခ်က္အလက္မ်ားကို ရရွိထားၿပီး ျဖစ္၍ ၎တို႔အေနႏွင့္ အၾကမ္းဖက္စစ္တပ္အလိုက်ဆက္လက္လုပ္ေဆာင္ေနပါက ငျမကဲ့သို႔ ျပတ္ျပတ္သားသားရွင္းလင္းသြားမည္ျဖစ္ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ျပည္ခ႐ိုင္တပ္ရင္း – ၃၆၀၁ PPDF တပ္ရင္းဆက္သြယ္ေရးႏွင့္သတင္းျပန္ၾကားတာဝန္ခံက ေျပာဆိုသည္။
အလားတူ ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ စိန္ကန႔္လန႔္ -ၿမိဳေခ်ာင္း ႐ိုးမျဖတ္ေက်ာ္လမ္း ခါခ်ဥ္ ေတာင္အနီးတြင္ ပ်ဴေစာထီး ရႈိင္းလင္းေအာင္ကို ပစ္ခတ္ရွင္းလင္းခဲ့ရာ ေနရာမွာပင္ေသဆုံးသြား ေၾကာင္း သာယာဝတီခ႐ိုင္တပ္ရင္း ၃၈၀၂ မွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္။
ယေန႔ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ နံနက္ ၁၁ နာရီ မိနစ္ ၃၀ အခ်ိန္ခန႔္က မင္းလွၿမိဳ႕နယ္၊ ပက္တန္းအုပ္စု၊ မုကၡာေက်း႐ြာက ပ်ဴေစာထီး ရွိင္းလင္းေအာင္သည္ စိန္ကန႔္လန႔္−ၿမိဳေခ်ာင္း ႐ိုးမျဖတ္ေက်ာ္လမ္း ခါ ခ်ဥ္ေတာင္အနီးသို႔ ဆိုင္ကယ္စီးလာစဥ္ သာယာဝတီခ႐ိုင္ တပ္ရင္း ၃၈၀၂ တပ္ခြဲ ၅ က ပစ္ခတ္ ရွင္းလင္းခဲ့ရာ ေနရာမွာပင္ေသဆုံးသြားေၾကာင္း၊ ၄င္းထံမွ ဆိုင္ကယ္ ၁ စီး၊ မိုလ္ဘိုင္းဖုန္း ၁ လုံး၊ ေငြသား ၁၀၀၀ က်ပ္ႏွင့္ မွတ္ပုံတင္ ၁ ခု သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။
ပ်ဴေစာထီး ရွိင္းလင္းေအာင္သည္ ထြက္ေျပးတိမ္းေရွာင္ေနရသည့္ စစ္ေရွာင္ျပည္သူမ်ား စိုက္ပ်ိဳး ထားသည့္ သီးႏွံမ်ားႏွင့္ ေနအိမ္မ်ားကို စစ္ေကာင္စီတပ္သားမ်ားႏွင့္ေပါင္းကာ မတရားဖ်က္ဆီး ရယူျခင္း၊ စစ္ေကာင္စီတပ္သားမ်ားကို ရိကၡာေထာက္ပံ့ေပးျခင္း၊ စစ္ေကာင္စီတပ္သားမ်ား ႐ိုးမေပၚ သြားလာေရးအတြတ္ ကားျဖင့္ အႀကိဳအပို႔ လုပ္ေဆာင္ေပးျခင္း တို႔လုပ္ေဆာင္ေနသျဖင့္ ပစ္ခတ္ရွင္း လင္းရျခင္းျဖစ္ေၾကာင္းသာယာဝတီခ႐ိုင္ တပ္ရင္း ၃၈၀၂ တပ္ခြဲ ၅ မွ တာဝန္ရွိသူက ရွင္းျပသည္။
ဓာတ္ပုံ- ပ်ဴေစာထီးရႈိင္းလင္းေအာင္ေသဆုံးေနစဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *