ခမရ- ၂၀၅ရဲ့သတင်းလေးဘောမတွေမြင်အောင်မျှလိုက်ကြဗျို့

မင်းပြားမြို့သို့ အပို့ခံရသည့် စစ်ကောင်စီ၏ ခမရ- ၂၀၅ တပ်ရင်းမှ ဗိုလ်မှူးအပါအဝင် ၂၈ ဦးသေဆုံးပြီး ၁၈ ဦးပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၅ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ ရှေ့တန်းစစ်မြေပြင် အပို့ခံထားရသည့် ဖားအံအခြေစိုက် ခြေမြန်တပ်ရင်း၊ ခမရ-၂၀၅ တပ်ရင်းမှ ဗိုလ်မှူးရန်လင်းအောင်အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံးပြီး ၁၈ ယောက်ပျောက်ဆုံးနေကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။

ခမရ – ၂၀၅ တပ်ရင်းသည် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ တပ်မ (၂၂)လက်အောက်တွင် စစ်ဆင်ရေး တာဝန် ထမ်းဆောင်ရန်အတွက် လွန်ခဲ့သည့် နှစ်လခန့်ကစတင်၍ ရောက်ရှိ နေခြင်းဖြစ်ပြီး တပ်ရင်းဖွဲ့စည်းပုံပျက်နေခြင်းကြောင့် စစ်မြေပြင်တိုက်ပွဲ များတွင် အသေအပျောက်များနေခြင်းဖြစ်ကြောင်းသိရသည်။

“စစ်ဆင်ရေးထွက်သွားတာ နှစ်လကျော်ပဲရှိသေးတယ်။ ဗိုလ်မှူး ရန်လင်းအောင် အပါအဝင် ၂၈ ယောက်သေတယ်။ ပျောက်နေတာလည်း ၁၈ ယောက်ရှိသွားပြီ။ အခုလည်း တပ်ရင်းအင်အားပြည့်အောင် ထပ်မဖြည့်သေးနိုင်ဘဲ ရှေ့တန်းဆိုပြီး လွှတ်နေတာ။ တပ်ဖွဲ့စည်းပုံပျက်နေတာ။ ဒါကိုတပ်တွင်းမိသားစုတွေ သိမှာစိုးလို့ သတင်း ထိန်ချန်ထားတယ်” ဟု တပ်တွင်း သတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမှတ် (၂၀၅) ခြေမြန်တပ်ရင်းသည် ဖားအံမြို့ အခြေစိုက်တပ်ရင်းဖြစ်ပြီး တပ်မ (၂၂) လက်အောက်တွင် စစ်ဆင်ရေး တာဝန်ပေးအပ်ခံရခြင်းဖြစ်ကာ ကော့ကရိတ်မြို့နယ် အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ သော်လည်း ရခိုင်ပြည်နယ် မင်းပြားမြို့ကို ပြောင်းရွှေ့ရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

“အရင်က တပ်ထဲမှာ အင်အား ၁၀၀ ကျော်ရှိတဲ့တပ်က ရှေ့တန်း ထွက်သွားတာ အင်အား ၆၀ တောင်မပြည့်ဘူး။ အခု ၄၆ ဦး က သေဆုံးနဲ့ ပျောက်ဆုံးဆိုတော့ ကျန်တဲ့ သူတွေနဲ့ ဘယ်လို ရပ်တည်ပြီးစစ်တိုက်နေတာလဲလို့ မေးစရာဖြစ်လာပြီ” ဟု တပ်တွင်း သတင်းရင်းမြစ်ကဆိုသည်။

ပုံစာ-မင်းပြားမြို့သို့ စစ်ကူတက်လာသော ခမရ (၂၀၅) တပ်ရင်းကို AA က ကြားဖြတ် တိုက်ခိုက်ပြီးနောက် ရရှိခဲ့သည့် လက်နက်ခဲယမ်းများ (၂၀ ဇန်နဝါရီ ၂၀၂၄ )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *