“မအလတေမှအေးမှာ”တဲ့အဖွားသနားပါတယ်(ရုပ်သံ)

မင်းအောင်လှိုင် သေမှ အေးမှာ (ရုပ်/သံ)

ဧရာ၀တီ၊ ဖေဖော်ရီ ၅၊ ၂၀၂၄

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက သာဝတ္ထိကျေးရွာကို မီးတင်ရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ပေါင်း(၁၄၈)လုံး တိတိ ပြာကျပျက်ဆီးခဲ့ရပါတယ်။ အဲ့ဒီထဲမှာ စပါးကျီတွေလည်း ပါဝင်ခဲ့ပြီး စပါးတင်းရေ သောင်းနှင့်ချီ ဆုံးရှုံးခဲ့ရပါတယ်။

ရေဦးနယ်ထဲကနေ အင်အား(၁၀၀)ကျော်ပါတဲ့ စစ်ကောင်စီ အဖွဲ့တွေဟာ ခင်ဦးနယ် အနောက်မြောက်ခြမ်း ပျဥ်ထောင်ပျူရွာကနေ ထွက်ပြီး ကလုံကျေးရွာကနေ သာဝတ္ထိကျေးရွာအတွင်းကို လက်နက်ကြီးငယ် ရမ်းသမ်းပစ်ခတ်ပြီး ဝင်ရောက်နေတာကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာက အမျိုးသမီးကလေးငယ် သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံသောင်းချီထွက်ပြေးနေရပြီး အကူအညီများစွာ လိုအပ်နေပါတယ်။ ၂၀၂၃ တစ်နှစ်ပတ်လုံး အညာတခွင် ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မုဒိန်းကျင့်၊ ရွာမီးရှို့တာတွေ ကျူးလွန်ခဲ့တဲ့ ဘီလူးစစ်ကြောင်း၊ ကျားဘီလူးစစ်ကြောင်း အမည်ခံ စစ်ကောင်စီဟာ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်ထန်းနေတဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း ငြိမ်ငုပ်နေခဲ့ရာက ရှမ်းမြောက်မှာ အပစ်ရပ်ပြီးနောက် ဇန်နဝါရီ(၁၂)ရက်က စတင်ပြီး စစ်ကိုင်းတိုင်းထဲ တကျော့ပြန် လှုပ်ရှားလာတယ်လို့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *