အလုံး၂၀ ကြွေးလိုက်တာအမြိန်ပဲ

ပခုက္ကူမြို့က စစ်ကောင်စီရဲ့ ခလရ (၂၅၂) တပ်ရင်းနဲ့ အနောက်ဘုန်းကံရွာက ပျူစောထီးစခန်းတို့ကို ရော့ကတ် အလုံး(၂၀) ကျော် ပစ်ခတ်တိုက်ခိုက်

++++++++++++++++

ဖေဖော်ဝါရီ ၅ – ၂၀၂၄ မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ကောင်စီရဲ့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ (၂၅၂) တပ်ရင်းနဲ့ အနောက်ဘုန်းကံရွာက ပျူစောထီးစခန်းတို့ကို ရော့ကတ် အလုံး(၂၀) ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ Young Foce UG က ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ ရော့ကတ်များ တပ်တွင်းဧရိယာထဲ ကျရောက်ပေါက်ကွဲပြီး အထိခိုက်အပျက်စီးများ ရှိသလို ကတုတ်ကျင်းများထဲ အလုအယက် ပြေးပုန်းကြတယ်လို့ နောက်ဆက်တွဲ သိရကြောင်း Young Force UG က ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုများကို မြိုင်-ပခုက္ကူမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနအတူ ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ(၂)က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးများကို နေရာအနှံ့ အနားမပေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲများ ဖော်ဆောင်နေတယ်လို့ Young Force – UG က ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *