ထားဝယ်မွှင်းခါးတွေလာပါဘီ

ထားဝယ်မြို့နယ်၊ မယ်ဝေးတောင်ပေါ်ရှိ စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်ဝေးတောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Ba Htoo Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာ၊ အမှတ် ၈ စစ်ဆင် ရေး ကွက်ကဲမှု ဌာနချုပ် ၊ အမှတ် ၄၀၁ ခြေမြန်တပ်ရင်း နှင့် အမှတ် ၄၀၂ ခြေမြန်တပ်ရင်း တို့နှင့် ကပ်လျက်ရှိသော မယ်ဝေးတောင်ပေါ်၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းစခန်းသည် သာသနာ့ နယ်မြေ၌ ရှိသောကြောင့် စခန်းကုန်းကို မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

“ခွေး ၂ ကောင်အတိအကျ သေတယ်။ ကျန်တဲ့ကောင်တွေက ဒဏ်ရာ အပြင်းအထန်နဲ့ ထွက်ပြေးတာ လက်နက်တော့ ကျန်ခဲ့တာပေါ့၊ တပ်ရင်းတွေနဲ့လည်းနီးတော့ စစ်ကူတွေက မိနစ်ပိုင်းအတွင်းပဲ ရောက်လာတာ နောက်ပြီး ညဘက်ရောက်တော့လည်း လေကြောင်းကနေ ရမ်းသမ်းပစ်ခတ်တာ တော့ရှိတယ်” ဟု Ba Htoo Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗထူးတပ်မတော် – BHA နှင့် ထားဝယ်စုပေါင်းစစ်ကြောင်း (DCC) တို့ ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဗထူးတပ်မတော်နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များအနေဖြင့် စစ်ဆင်ရေးအရှိန်မြှင့်ကာ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ထား သည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် အသိပေး ထုတ်ပြန်ထားသည်။

ထားဝယ္ၿမိဳ႕နယ္၊ မယ္ေဝးေတာင္ေပၚရွိ စစ္တပ္ စခန္းကို တိုက္ခိုက္ သိမ္းပိုက္မႈ စစ္ေကာင္စီ တပ္သား ၂ ဦးေသဆုံးၿပီး ေသနတ္ ၃ လက္ႏွင့္ ခဲယမ္းမ်ား သိမ္းဆည္းရရွိ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၆
တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္၊ မယ္ေဝးေတာင္ေပၚရွိ အၾကမ္းဖက္ စစ္တပ္စခန္းကို တိုက္ခိုက္ သိမ္းပိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၂ ဦးေသဆုံးၿပီး ေသနတ္ ၃ လက္ႏွင့္ ခဲယမ္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း Ba Htoo Army – BHA တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာၾကားသည္။
ယမန္ေန႔ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔တြင္ ထားဝယ္ၿမိဳ႕နယ္၊ သေျပေခ်ာင္းေက်း႐ြာ၊ အမွတ္ ၈ စစ္ဆင္ ေရး ကြက္ကဲမႈ ဌာနခ်ဳပ္ ၊ အမွတ္ ၄၀၁ ေျချမန္တပ္ရင္း ႏွင့္ အမွတ္ ၄၀၂ ေျချမန္တပ္ရင္း တို႔ႏွင့္ ကပ္လ်က္ရွိေသာ မယ္ေဝးေတာင္ေပၚ၌ တပ္စြဲထားသည့္ အၾကမ္းဖက္ စစ္တပ္စခန္းကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက တိုက္ခိုက္ သိမ္းပိုက္ခဲ့ရာ စစ္ေကာင္စီ တပ္သား ၂ ဦးေသဆုံးၿပီး ေသနတ္ ၃ လက္ႏွင့္ခဲယမ္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း၊ ယင္းစခန္းသည္ သာသနာ့ နယ္ေျမ၌ ရွိေသာေၾကာင့္ စခန္းကုန္းကို မီးရႈိ႕ဖ်က္ဆီးျခင္းမျပဳလုပ္ဘဲ ျပန္လည္ ဆုတ္ခြာခဲ့ေၾကာင္း သိရသည္။
“ေခြး ၂ ေကာင္အတိအက် ေသတယ္။ က်န္တဲ့ေကာင္ေတြက ဒဏ္ရာ အျပင္းအထန္နဲ႔ ထြက္ေျပးတာ လက္နက္ေတာ့ က်န္ခဲ့တာေပါ့၊ တပ္ရင္းေတြနဲ႔လည္းနီးေတာ့ စစ္ကူေတြက မိနစ္ပိုင္းအတြင္းပဲ ေရာက္လာတာ ေနာက္ၿပီး ညဘက္ေရာက္ေတာ့လည္း ေလေၾကာင္းကေန ရမ္းသမ္းပစ္ခတ္တာ ေတာ့ရွိတယ္” ဟု Ba Htoo Army – BHA တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာၾကားသည္။
အဆိုပါ တိုက္ခိုက္မႈကို ဗထူးတပ္မေတာ္ – BHA ႏွင့္ ထားဝယ္စုေပါင္းစစ္ေၾကာင္း (DCC) တို႔ ပူး ေပါင္း ကာ တိုက္ခိုက္ခဲ့ျဖစ္ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိ ေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။
ဗထူးတပ္မေတာ္ႏွင့္ မဟာမိတ္ပူးေပါင္းအဖြဲ႕မ်ားအေနျဖင့္ စစ္ဆင္ေရးအရွိန္ျမႇင့္ကာ အၾကမ္းဖက္ စစ္ေကာင္စီတပ္သားမ်ားကို အျမစ္ျပတ္ တိုက္ခိုက္ေခ်မႈန္းသြားမည္ျဖစ္ၿပီး ျပည္သူမ်ားအေနျဖင့္ စစ္ေရး အသိ၊ သတိျဖင့္ သြားလာေနထိုင္ၾကရန္ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားမွ ထုတ္ျပန္ထား သည့္ ထုတ္ျပန္ခ်က္မ်ားကို ေလးစားလိုက္နာၾကရန္ အသိေပး ထုတ္ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *