သတင်းမှားတွေနဲ့ဘောမတွေကိုပဲ နှာနှပ်လို့ရမယ် ငပုရေ့

စစ်ကောင်စီက PNLA အတွင်း အုပ်စုကွဲနေသည့်ပုံစံ မဟုတ်မမှန် လုပ်‌ကြံသတင်းများထုတ်လွှင့်ပြီး ပြည်သူများဝေဝါးစေရန် လုပ်နေ၊ PNLA ခေါင်း ဆောင်ပိုင်းက စစ်အာဏာရှင်ကို ညီညွတ်စွာဖြင့် တော်လှန်ရန် ဆုံးဖြတ်ထား

ရန်ကုန်၊ဖေဖော်ဝါရီ ၇

အကြမ်းဖက်စစ်ကောင်စီက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) အတွင်း အုပ်စုကွဲနေသည့်ပုံစံ မဟုတ်မမှန်သတင်းများထုတ်လွှင့်ပြီး ပြည်သူများဝေဝါးစေရန် လုပ်ဆောင်နေသော်လည်း လက်တွေ့တွင် PNLA ခေါင်းဆောင်ပိုင်းက ညီညွတ်စွာဖြင့် စစ်အာဏာရှင်ကို တော်လှန်ရန် ဆုံးဖြတ်ထားကြောင်း PNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တယ်လီဂရမ် ချန်နယ်များတွင် PNLA အတွင်း အုပ်စုကွဲနေကြောင်း၊ ဗိုလ်မှူးကြီး ခွန်သူရိန်အဖွဲ့ ၊ ခွန်ထွန်းတင်အဖွဲ့ဟူ၍ ကွဲပြားနေသည်ဆိုသော မဟုတ်မမှန်လုပ်ကြံသတင်းများ ထုတ်လွှင့်နေကြောင်း၊ ထိုသို့ ထုတ်လွှင့်ခြင်းဖြင့် ပအိုဝ်းပြည်သူများ ဝေဝါးစေရန် လုပ်ဆောင်နေ ကြောင်း၊ သို့ရာတွင် လက်တွေ့တွင်မူ PNLA ခေါင်းဆောင်ပိုင်းအချင်းချင်း စုစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်ကို တော်လှန်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း PNLA သတင်းရင်းမြစ်က ပြောဆိုသည်။

“မြန်မာပြည်သူတွေနဲ့ ပအိုဝ်းပြည်သူတွေကို PNLA ဥက္ကဋ္ဌ ဗိုလ်တုန်ခွန်သူရိန်နဲ့ ဆရာ ခွန်ထွန်းတင်၊ ဗိုလ်မှူး ခွန်အောင်မန်း တို့က ထာဝရလက်တွဲပြီး အာဏာရှင်ပျက်သုန်းတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ စစ်ကောင်စီ သတင်းလွှင့်နေသလို PNLA အတွင်းရေး ပြိုကွဲနေတာလည်း မဟုတ်သလို PNLAအချင်းချင်းပြန်တိုက်နေ တာလည်းမဟုတ်ပါဘူး။ စကစနဲ့ PNOက လာပြီးချောင်းတိုက်နေတာပါ” ဟု PNLA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO တပ်များက PNLA နှင့်မဟာမိတ်တပ်များ ထိန်းချုပ်ထားသော ဆီဆိုင်မြို့ကို ထိန်းချုပ်ရန် ထိုးစစ်ဆင်နေသော်လည်း လက်တွေ့တွင် PNLA နှင့်မဟာမိတ်တပ်များက အသာစီးရကာ ဆီဆိုင်မြို့ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီကတော့ PNLAပြိုကွဲနေပြီ။ PNLAအချင်းချင်းပြန်တိုက်နေပြီဆိုပြီး သွေးခွဲနေတာ။ ပြည်သူအချင်းချင်း ရန်တိုက်ပေးနေတာ စစ်တပ်နဲ့ PNO က။ ဆီဆိုင်မြို့ကိုလည်း PNLA နဲ့မဟာမိတ်တပ်တွေက ထိန်းထားဆဲဖြစ်ပါတယ်” ဟု PNLA သတင်းရင်းမြစ်ကဆိုသည်။

ဓာတ်ပုံ- PNLA ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်သူရိန်နှင့်အတူ ထိပ်ပိုင်းခေါင်း ဆောင်များကို အတူတွေ့ရစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *