မယ်ဝေးတောင်ပေါ်ကအက်ရှင်အလန်းစားရှိုးလိုက်

ထားဝယ်မြို့နယ်၊ မယ်ဝေးတောင်ပေါ်ရှိ စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်ဝေးတောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Ba Htoo Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာ၊ အမှတ် ၈ စစ်ဆင် ရေး ကွက်ကဲမှု ဌာနချုပ် ၊ အမှတ် ၄၀၁ ခြေမြန်တပ်ရင်း နှင့် အမှတ် ၄၀၂ ခြေမြန်တပ်ရင်း တို့နှင့် ကပ်လျက်ရှိသော မယ်ဝေးတောင်ပေါ်၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းစခန်းသည် သာသနာ့ နယ်မြေ၌ ရှိသောကြောင့် စခန်းကုန်းကို မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

“ခွေး ၂ ကောင်အတိအကျ သေတယ်။ ကျန်တဲ့ကောင်တွေက ဒဏ်ရာ အပြင်းအထန်နဲ့ ထွက်ပြေးတာ လက်နက်တော့ ကျန်ခဲ့တာပေါ့၊ တပ်ရင်းတွေနဲ့လည်းနီးတော့ စစ်ကူတွေက မိနစ်ပိုင်းအတွင်းပဲ ရောက်လာတာ နောက်ပြီး ညဘက်ရောက်တော့လည်း လေကြောင်းကနေ ရမ်းသမ်းပစ်ခတ်တာ တော့ရှိတယ်” ဟု Ba Htoo Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗထူးတပ်မတော် – BHA နှင့် ထားဝယ်စုပေါင်းစစ်ကြောင်း (DCC) တို့ ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဗထူးတပ်မတော်နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များအနေဖြင့် စစ်ဆင်ရေးအရှိန်မြှင့်ကာ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ထား သည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် အသိပေး ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *