ခဝေးတွေ ကိုယ့်နတ်နတ်သီးပြန်နင်းမိ ချိုလား

ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် ကိုယ့်မိုင်းကိုယ်နင်းမိခြင်းတို့ကြောင့် စစ်သား ၈ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ စစ်တပ်က လွယ်ပွတ်ကျေးရွာကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူများ ထွက်ပြေးရ ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် ကိုယ့်မိုင်းကိုယ်နင်းမိခြင်းတို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆု့းပြီး ၂ ဦးအရှင်ဖမ်းမိကြောင်း PNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့မြောက်ဘက်တနေရာတွင် စစ်ကောင်စီတပ်ဖွဲနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၆လောင်းနှင့် လက်နက် ၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း ၊ ထို့ပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးတပ်ဖွဲကို စစ်ကောင်စီနှင့်အပေါင်းအပါများက ဆီဆိုင်မြို့နယ်တနေရာတွင် ချောင်းမြောင်းပစ်ခတ်သဖြင့် PNLA တပ်ဖွဲဝင်များက ပြန်လည်ခုခံရှင်းလင်းခဲ့ရာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ အလားတူ ယမန်နေ့တွင် စစ်ကောင်စီတပ်မှ စစ်သား ၂ ဦးသည် ခမရ ၄၂၃အနီးတွင် ရေဆင်းခပ်ရာ ၎င်းတို့ကိုယ်တိုင်ထောင်ထားသည့် မိုင်းကိုပြန်နင်းမိပြီး စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲများဖြစ်ပွားခြင်းနှင့် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သဖြင့် ပြည်သူများ၏ အိုးအိမ်စည်းစိမ်များထိခိုက်မှုအချိုရှိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *