မင်းပြားမြို့ကို AA သိမ်းပိုက် ထိန်းချုပ်နိုင်

ခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီ ၆ ရက်တွင် သိမ်း ပိုက် ထိန်းချုပ်လိုက်ကြောင်း AA ထံမှ သိရသည်။

မင်းပြားမြို့နယ်တွင် ခုခံနေသည့် စစ်ကောင်စီ၏ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၃ ရင်းကို AA က အပြီးသတ် သိမ်းပိုက်လိုက်သဖြင့် မင်းပြားမြို့ကို AA က ထိန်းချုပ်လိုက်နိုင်သည့်အခြေအနေဖြစ် သည်။

A ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း “လက်ရှိ ရခိုင်ပြည်ရဲ့ စစ်ရေးအခြေအနေကတော့ ဒီနေ့မနက်မှာ မင်းပြားမှာရှိတဲ့ တပ်ရင်းတွေအားလုံး ကျနော်တို့ ရက္ခိုင့်တပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြော သည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ တောင်ပြို (လက်ဝဲ) ဗျူဟာ ကုန်းနှင့် တောင်ပြို (လက်ယာ) စခန်းတို့ကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း AA ထံမှ သိရသည်။

မင်းပြားမြို့ရှိ စစ်ကောင်စီအခြေစိုက် တပ်ရင်းများပြမြေပုံ/ AA

ဦးခိုင်သုခက “မောင်တောမြို့နယ် မြောက်ပိုင်းက တောင်ပြိုမြို့ ဗျူဟာကုန်းနှင့် တောင်ပြို(ယာ) နယ်ခြားစောင့်စခန်း တွေအားလုံးကို ကျနော်တို့ ရက္ခိုင့်တပ်တော်က အလုံးစုံ သိမ်းပိုက်ထိမ်းချုပ်ထားနိုင်ပြီ” ဟု ဆိုသည်။

AA သည် မောင်တော်မြို့နယ်မြောက်ဘက်က အဆိုပါစခန်းများရရှိရန် ဖေဖော်ဝါရီလ ၄ ရက်ကတည်းက ထိုးစစ်ဆင်ခဲ့ ခြင်းဖြစ်ပြီး ၃ ရက်အကြာတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

AA ၏ မောင်တောမြောက်ပိုင်း ထိုးစစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး သွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် AA အနေဖြင့် မင်းပြား၊ ပေါက်တော၊ တောင်ပြိုလက်ဝဲ၊ ပလက်ဝ၊ ဆမီးမြို့တို့အား သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သလို စစ်ဆင်ရေး စတင်သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ ယနေ့ထိ စစ်ကောင်စီ စခန်းပေါင်း ၂၀၀ ကျော် သိမ်းပိုက်ထား နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ အဓိကမြို့များဖြစ်သည့် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရမ်းဗြဲ၊ အမ်းနှင့် မြေပုံမြိုနယ်တို့တွင် တိုက်ပွဲများ ဆက်ရှိနေကြောင်း AA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဖေဖော်ဝါရီ ၆ ရက်ထုတ် ကြေညာချက်၌ ပါရှိ သည်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ် စစ်မျက်နှာတွင် AA ၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေ အင်အားသုံးကာ ခုခံနေသဖြင့် တိုက်ပွဲ ဆက်လက် ပြင်းထန်နေသည်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “လက်နက်ချ အညံ့မခံ‌သေးတဲ့ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်ဖက်တွေက စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို သိမ်းပိုက်နိုင်ဖို့အတွက် ကျနော်တို့ ရက္ခိုင့်တပ်တော်က ဆက်လက် ထိုး စစ်ဆင် တိုက်ခိုက်လျက်ရှိပါတယ်” ဟု ဆိုသည်။

AA သည် မြန်မာနိုင်ငံအနောက်ဘက် စစ်မျက်နှာ၌ ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်အား သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်တွင် မြို့တော်စစ်တွေ အရှေ့ဘက်ရှိ ပေါက်တောမြို့နှင့် မင်းပြားမြို့ တို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ် ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *