ဖရဲသီးကဂျပုပဲ ပြောင်းစရာဆိုလို့ ငပုရာထူးပဲရှိတော့တယ်

နယ်မြေများဆုံးရှုံးလာပြီး စစ်ရေးသတင်း ပေါက်ကြားမှုများကြောင့် စစ်ရေးချုပ်နှင့် တပ်မတော် စစ် ဆေးရေးအရာရှိချုပ် ရာထူးများအပါအ၀င် ထိပ်တန်းအရာရှိနေရာ ၂၀ ကျော်ကို အပြောင်းအလဲပြုလုပ်

မြရာ/ဧရာ၀တီတိုင်းမ်

ဖေဖော်ဝါရီ ၉ ရက်

စစ်ခေါင်းဆောင်က စစ်ရင်ဆိုင်နေရသည့် နေရာများတွင် နယ်မြေများဆုံးရှုံးပြီး စစ်ရေးသတင်းများပေါက်ကြားမှုများလာသည့်အတွက် တွဲဘက်စစ်ရေး ချုပ်နှင့် ဒုတိယတပ်မတော်စစ်ဆေးရေးအရာရှိချုပ် ရာထူးများအပါအ၀င် ခေါင်းဆောင်ပိုင်းရာထူး ၂၀ ကျော်ကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာသက်တမ်း ၆ လတိုးကြောင်း ကြေညာပြီး နောက် စစ်ခေါင်းဆောင်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများကို ပြုလုပ်ခဲ့ရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က ရာထူးနေရာ ၂၀ ကျော်ကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ရာထူးအပြောင်းအလဲပြုလုပ်ရာတွင် တွဲဘက်စစ်ရေး ချုပ်အပါအ၀င် ခြေမြန်တပ်မဌာနချုပ်(ခမရ)၊ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)များ၏ ထိပ်ပိုင်းရာထူးနေရာ ၂၀ ကျော်ကို အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြောင်းအလဲပြုလုပ်ခဲ့သည့် တိုင်းဒေသများမှာ ယခုစစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ စစ်ဗျူဟာမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး (ဒကစမှူး) များဖြစ်ပြီး ဒုတိယဗိုလ်မှူး ကြီးအဆင့်ကနေ ဗိုလ်မှူးချုပ်အထိ အပြောင်းအလဲများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ခြေမြန်တပ်မဌာနချုပ်များအပြောင်းအရွှေ့ များအနေဖြင့် အမှတ် ၁၁၊ ၃၃၊ ၅၅ နှင့် ၁၀၁ တို့မှ တပ်မမှူးများနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူးများကိုလည်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်များဘက်သို့ ရွှေ့ ပြောင်းခဲ့ကြောင်း သိရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်ရွှေကို တွဲဘက်စစ်ရေးချုပ်အဖြစ်ခန့် အပ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ဗိုလ်မှူးချုပ် ကျော်သူရအေးကို ဒုတိယတပ်မတော်စစ်ဆေးရေးအရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သည်ဟု တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

တနိုင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း-ဒကစ) မှ ဒုဗိုလ်မှူးကြီး အောင်ကိုသွင်ကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ ကလေးဒေသကွပ်ကဲမှုစစ်ဌာနချုပ်((ကလေး-ဒကစ) မှ ဒုဗိုလ်မှူးကြီး လှိုင်မြင့်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းစစ်ဦးစီးချုပ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရသည်။

ပုံစာ-စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ပုံဟောင်း)

နယ္ေျမမ်ားဆုံးရႈံးလာၿပီး စစ္ေရးသတင္း ေပါက္ၾကားမႈမ်ားေၾကာင့္ စစ္ေရးခ်ဳပ္ႏွင့္ တပ္မေတာ္ စစ္ ေဆးေရးအရာရွိခ်ဳပ္ ရာထူးမ်ားအပါအ၀င္ ထိပ္တန္းအရာရွိေနရာ ၂၀ ေက်ာ္ကို အေျပာင္းအလဲျပဳလုပ္
ျမရာ/ဧရာ၀တီတိုင္းမ္
ေဖေဖာ္ဝါရီ ၉ ရက္
စစ္ေခါင္းေဆာင္က စစ္ရင္ဆိုင္ေနရသည့္ ေနရာမ်ားတြင္ နယ္ေျမမ်ားဆုံးရႈံးၿပီး စစ္ေရးသတင္းမ်ားေပါက္ၾကားမႈမ်ားလာသည့္အတြက္ တြဲဘက္စစ္ေရး ခ်ဳပ္ႏွင့္ ဒုတိယတပ္မေတာ္စစ္ေဆးေရးအရာရွိခ်ဳပ္ ရာထူးမ်ားအပါအ၀င္ ေခါင္းေဆာင္ပိုင္းရာထူး ၂၀ ေက်ာ္ကို အေျပာင္းအလဲျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
စစ္အာဏာသက္တမ္း ၆ လတိုးေၾကာင္း ေၾကညာၿပီး ေနာက္ စစ္ေခါင္းေဆာင္က အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ ရာထူးအေျပာင္းအလဲမ်ားကို ျပဳလုပ္ခဲ့ရာတြင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၅ ရက္ေန႔က ရာထူးေနရာ ၂၀ ေက်ာ္ကို အေျပာင္းအလဲျပဳလုပ္ခဲ့ေၾကာင္း တပ္တြင္း သတင္းရင္းျမစ္ထံက သိရသည္။
ရာထူးအေျပာင္းအလဲျပဳလုပ္ရာတြင္ တြဲဘက္စစ္ေရး ခ်ဳပ္အပါအ၀င္ ေျချမန္တပ္မဌာနခ်ဳပ္(ခမရ)၊ စစ္ ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္(စကခ)ႏွင့္ ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္ (ဒကစ)မ်ား၏ ထိပ္ပိုင္းရာထူးေနရာ ၂၀ ေက်ာ္ကို အေျပာင္းအလဲျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အေျပာင္းအလဲျပဳလုပ္ခဲ့သည့္ တိုင္းေဒသမ်ားမွာ ယခုစစ္ေရးျပင္းထန္ေနသည့္ စစ္ကိုင္းတိုင္း၊ ရခိုင္ ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔မွ စစ္ဗ်ဴဟာမႉးႏွင့္ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္မႉး (ဒကစမႉး) မ်ားျဖစ္ၿပီး ဒုတိယဗိုလ္မႉး ႀကီးအဆင့္ကေန ဗိုလ္မႉးခ်ဳပ္အထိ အေျပာင္းအလဲမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ေျချမန္တပ္မဌာနခ်ဳပ္မ်ားအေျပာင္းအေ႐ႊ႕ မ်ားအေနျဖင့္ အမွတ္ ၁၁၊ ၃၃၊ ၅၅ ႏွင့္ ၁၀၁ တို႔မွ တပ္မမႉးမ်ားႏွင့္ စစ္ဆင္ေရးကြပ္ကဲေရးမႉးမ်ားကိုလည္း ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မ်ားဘက္သို႔ ေ႐ႊ႕ ေျပာင္းခဲ့ေၾကာင္း သိရသည္။
ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၏ ဒုတိုင္းမႉးျဖစ္သူ ဗိုလ္ခ်ဳပ္ထြန္းျမတ္ေ႐ႊကို တြဲဘက္စစ္ေရးခ်ဳပ္အျဖစ္ခန႔္ အပ္ၿပီး အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္၏ ဗိုလ္မႉးခ်ဳပ္ ေက်ာ္သူရေအးကို ဒုတိယတပ္မေတာ္စစ္ေဆးေရးအရာရွိခ်ဳပ္အျဖစ္ ခန႔္အပ္ခဲ့သည္ဟု တပ္တြင္း သတင္းရင္းျမစ္ထံက သိရသည္။
တႏိုင္း ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ (တႏိုင္း-ဒကစ) မွ ဒုဗိုလ္မႉးႀကီး ေအာင္ကိုသြင္ကို ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္၊ ကေလးေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္((ကေလး-ဒကစ) မွ ဒုဗိုလ္မႉးႀကီး လႈိင္ျမင့္ကို အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (ရပခ) တိုင္းစစ္ဦးစီးခ်ဳပ္အျဖစ္ ေျပာင္းလဲခန႔္အပ္လိုက္ေၾကာင္း သိရသည္။
ပုံစာ-စစ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ (ပုံေဟာင္း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *