အထောက်အထားအပြည့်အစုံရှိနေပြီအလှည့်ကျမနွဲ့စတမ်းနော်

မြောက်ခင်ရန်းကျေးရွာတွင် YDF ရဲဘော်နှစ်ဦးကို အရှင်လတ်လတ် စစ်တပ်နှင့်ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့သော သက်သေအထောက်အထားများ ထွက်ပေါ်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် YDF ရဲဘော် ၂ ဦးဖြစ်သည့် ရဲဘော်ဖိုးတေနှင့် ရဲဘော် သားထောင်တို့ကို ပျူစောထီးခေါင်းဆောင် ထက်ဝေဦး၊ ဖြိုးဝေတို့က ဘူးလက်လှဆွေ၏ ညွှန်ကြားမှု၊ စစ်တပ်၏ အမိန့်ပေးမှု များဖြင့် သတ်ဖြတ်ခဲ့သော ဗီဒီယိုဖိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ပထမဦးဆုံး စုံစမ်း ထုတ်ဖော်ရေးသားဖော်ပြခဲ့သည်။

သို့ရာတွင် စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ဟုဆိုကာ လုပ်ကြံမဟုတ်မမှန် ဇတ်လမ်းများဖြင့် တော်လှန်ရေးရဲဘော် ၂ ဦးကို သတ်ဖြတ်ခဲ့သော ဖြစ်စဉ်ကို ဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်။

သို့ရာတွင် Burma Affairs & Conflict Study က စစ်တပ်နှင့်ပျူစောထီးများက YDF ရဲဘော် ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သော သက်သေအထောက်အထားများကို တရားဝင် ထုတ်ပြန်လိုက်သည်။

သက်သေအထောက်အထား ၁
======================

အခင်းဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ကတည်းကပင် စစ်ကောင်စီ၏ ဝါဒဖြန့် လော်ဘီချန်နယ်များတွင် PDF ၂ ဦးကို အရှင်ဖမ်းမိကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် People Media တွင် အရှင်ဖမ်းမိသည့် လူငယ် ၂ ဦး ဓာတ်ပုံပါ ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ဖျက်သွားခဲ့သည်။

သက်သေအထောက်အထား ၁ ကို ဓာတ်ပုံဖြင့် ဖော်ပြထားပါသည်။

သက်သေအထောက်အထား ၂
====================

စစ်ကောင်စီ၏ ဝါဒဖြန့် People Media တွင် အရှင်ဖမ်းမိသည့် အကြော်ငးအရာနှင့်ပတ်သက်ပြီး ဓာတ်ပုံနှင့်သတင်းများကို ဖျက်ချခဲ့သော်လည်း ယင်းအကြောင်းအရာများကို ပြန်လည် ကူးဖော်ပြသူများကို Facebook လူမှုကွန်ရက်တွင် အများအပြားတွေ့ရသည်။ အဆိုပါ သတင်းအကြောင်းအရာ ဓာတ်ပုံများကို တိုက်ဆိုင် စစ်ဆေးကြည့်သောအခါ သတင်းတွင်ပါရှိသည့် အရှင်ဖမ်းမိသည့် လူငယ် ၂ ဦးမှာ မီးရှို့သတ်ဖြတ်ခံရသည့် လူငယ် ၂ ဦးဖြစ်သည်ကို တွေ့ရသည်။

သက်သေအထောက်အထား ၂ ကိုလည်း ဓာတ်ပုံဖြင့် ဖော်ပြထားပါသည်။

သက်သေအထောက်အထား ၃
=====================

စစ်ကောင်စီ၏ လော်ဘီချန်နယ်များဖြစ်သည့် Ko Thet နှင့် မဟူရာ မြွေဟောက် တယ်လီဂရမ်တို့တွင်လည်း မြောက်ခင်ရန်းကျေးရွာ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် PDF များနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦး၏ ဓာတ်ပုံကို ဖော်ပြထားခဲ့သည်။ အဆိုပ ါသတင်းအကြောင်းအရာ ဓာတ်ပုံများကို တိုက်ဆိုင်စစ်ဆေးကြည့်သောအခါ သတင်းတွင်ပါရှိသည့် ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည် မီးရှို့ သတ်ဖြတ်ခံရသည့် လူငယ် ၂ ဦးဖြစ်သည်ကို တွေ့ရသည်။

သက်သေအထောက်အထား ၃ ကိုလည်း ဓာတ်ပုံဖြင့် ဖော်ပြထားပါသည်။

သက်သေအထောက်အထား ၄
====================

ဘူးလက်လှဆွေ၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မြောက်ခင်ရန်း တိုက်ပွဲအကြောင်းရေးသားထားရာ ယင်းအကြောင်းအရာ အောက်တွင် ၎င်းအား ထောက်ခံသူက အရှင်ဖမ်းမိသည့် လူငယ် ၂ ဦးပါ ဓာတ်ပုံကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မှတ်ချက်ပေးထားခြင်းဖြစ်သည်။ ဘူးလက်လှဆွေသည် မြောက်ခင်ရန်း ရွာသားလည်းဖြစ်၊ မြောက်ခင်ရန်းကျေးရွာအတွက ်ပျူစောထီး(ပြည်သူ့စစ်) ဖွဲ့စည်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းဆောင်ရွက်ပေးနေသူဖြစ်ကြောင်း။

သက်သေအထောက်အထား ၄ ကိုလည်း ဓာတ်ပုံဖြင့် ဖော်ပြထားပါသည်။

သက်သေအထောက်အထား ၅
=========================

စစ်ကောင်စီထောက်ခံသူ ပျူစောထီး(ပြည်သူ့စစ်)ခေါင်းဆောင်ဟု ယူဆရသူတစ်ဦးက မြောက်ခင်ရန်းကျေးရွာတွင် ပျူစောထီး(ပြည်သူ့စစ်)များ စစ်ရေးလေ့ကျင့်နေသည့် ရုပ်သံဖိုင်တစ်ခုကို တင်ထားခဲ့သည်ကိုတွေ့ရသည်။ အဆိုပါဖိုင်တွင် တွေ့ရသည့် နေရာသည် YDF ရဲဘော် ၂ ဦးကို သတ်ဖြတ်သည့်နေရာနှင့် ထပ်တူကျနေသည်ကိုတွေ့ရသည်။ မြောက်ခင်ရန်းကျေးရွာသည် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်) အားကောင်းသည့် ကျေးရွာဖြစ်သည်။

သက်သေထောက်အထား ၅ ကို ဓာတ်ပုံဖြင့် ဖော်ပြထားပါသည်။

သက်သေအထောက်အထား ၆
====================

ဖမ်းဆီးခံထားရသည့် YDF ရဲဘော် ၂ ဦး အနီးတွင် ဘောင်းဘီတိုနှင့် စစ်ဖိနပ်ဝတ်ဆင်ထားသူ တစ်ဦးသည် RPG ကို လက်က လွယ်ထားပြီး အဆိုပါ RPG တွင်ပါသည့် အနီဝိုင်းတွင် အဖြူရောင်ခြယ် နံပါတ်စာသားများ ရေးသားထားသည်ကိုတွေ့ရသည်။ ယင်းစာအမှတ်အသားသည် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် တပ်ရင်းဌာန နံပါတ်များကို ရေးသားသည့်ပုံစံဖြစ်ပြီး တပ်ရင်းဌာန အတိအကျကို မသိရသော်လည်း ယင်းဖြစ်ရပ်တွင် စစ်ကောင်စီတပ်သားများ ပါဝင်ပတ်သက်နေသည်မှာ ထင်ရှားပေသည်။

သက်သေအထောက်အထား ၆ ကို ဓာတ်ပုံဖြင့် ဖော်ပြထားပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *