ခဝေးတွေငပျူရွာကိုမီးဖုတ်(ရုပ်သံ)

မင်းကင်းက ပျူစောထီးရွာကို တော်လှန်ရေး အင်အားစုများဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

+++++++++++++++++++

ဖေဖော်ဝါရီ၊ ၁၀၊ ၂၀၂၄

ပျူ‌စောထီး(ပြည်သူ့စစ်)ရွာတစ်ရွာဖြစ်သော မင်းကင်းမြို့နယ် ကန်ရွာကို ချင်းတွင်း နွေဦးတော်လှန်ရေးအင်အားစု (CSRAF) ၊ SRF (PLA) ၊ BNRA နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့မှုကို အသိပေး ထုတ်ပြန်လာပါတယ်။

၂၀၂၄ခုနှစ် ဖော်ဖော်ဝါရီလ ၇ရက်နေ့တွင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ စစ်သားများနှင့်ပျူစောထီး(ပြည်သူ့စစ်) အမြောက်အမြားသေဆုံးခဲ့ပြီး တော်လှန်ရေး အင်အားစုများဘက်မှ ရဲဘော်ကိုးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ထို့ပြင် စစ်တပ်ဘက်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် အဆိုပါပျူစောထီး(ပြည်သူ့စစ်)ရွာအတွင်း နေအိမ်(၁၃၀)ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *