ပြောရဲတဲ့ပါးစပ် ဆွမ်းကြီးဝိုင်းလောင်းပေးကြအုန်း

လက်နက်ကိုင်ပြီး တိုက်ပွဲများဖော်ဆောင်နေ၍ တိုင်းရင်းသားပြည်သူများ ဒုက္ခခံစား နေရပြီး နိုင်ငံ့အတွက်ပါ အန္တရာယ်ရှိလာသည်ဟု စစ်ခေါင်းဆောင်ပြော

မြရာ/ဧရာ၀တီတိုင်းမ်

ဖေဖော်ဝါရီ ၉ ရက်

စစ်ကောင်စီတပ်များ စစ်ရှုံးခဲ့သည့် ရှမ်းမြောက်အပါအ၀င် တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေ သည်ကို ရည်ရွယ်၍ လက်နက်ကိုင်ပြီး တိုက်ပွဲများ ဖော်ဆောင်နေလို့ တိုင်းရင်းသားပြည်သူတွေ ဒုက္ခခံစားနေရပြီး နိုင်ငံ့အတွက်ပါ အန္တရာယ် ရှိလာသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့က ကျရောက်သည့် ၇၇ နှစ် မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် စစ်ခေါင်းဆောင်က ယခုကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

၎င်းက တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် ပဋိပက္ခများဖော်ဆောင်နေခြင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ဆူပူအကြမ်းဖက်နှောင့်ယှက်တိုက်ခိုက်မှု များဖြစ်ပွားနေခြင်း တို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများပါ ဒုက္ခများစွာခံစားနေကြရကြောင်း၊ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါ ပျက်ပြားလာကာ နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်သည်ကို အားလုံးကသိရှိလက်ခံ၍ စဉ်းစားသုံးသပ်ဖို့ လိုပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံ့ရည်မှန်းချက်များကို ချမှတ်ဆောင်ရွက်‌နေကြောင်းနှင့် လက်ရှိဖြစ် ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက် ဖျက်ဆီးမှုများသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေခြင်းဖြစ်သည် စစ်ခေါင်းဆောင်က ဆိုသည်။

ထို့အတွက် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြရန် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်း သားခေါင်းဆောင်များက ပြည်မနှင့်အတူ ပူးပေါင်း လွတ်လပ်ရေးအရယူရန် သဘောတူဆုံးဖြတ်ချက်ချနိုင်ခဲ့သည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ကို ရှမ်းပြည်နယ်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက္နက္ကိုင္ၿပီး တိုက္ပြဲမ်ားေဖာ္ေဆာင္ေန၍ တိုင္းရင္းသားျပည္သူမ်ား ဒုကၡခံစား ေနရၿပီး ႏိုင္ငံ့အတြက္ပါ အႏၲရာယ္ရွိလာသည္ဟု စစ္ေခါင္းေဆာင္ေျပာ
ျမရာ/ဧရာ၀တီတိုင္းမ္
ေဖေဖာ္ဝါရီ ၉ ရက္
စစ္ေကာင္စီတပ္မ်ား စစ္ရႈံးခဲ့သည့္ ရွမ္းေျမာက္အပါအ၀င္ တိုင္းရင္းသား ေဒသမ်ားတြင္ လက္နက္ကိုင္ တိုက္ပြဲမ်ား ျဖစ္ပြားေန သည္ကို ရည္႐ြယ္၍ လက္နက္ကိုင္ၿပီး တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနလို႔ တိုင္းရင္းသားျပည္သူေတြ ဒုကၡခံစားေနရၿပီး ႏိုင္ငံ့အတြက္ပါ အႏၲရာယ္ ရွိလာသည္ဟု စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုခဲ့သည္။
ေဖေဖာ္ဝါရီ ၇ ရက္ေန႔က က်ေရာက္သည့္ ၇၇ ႏွစ္ ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနားသို႔ ေပးပို႔သည့္ သ၀ဏ္လႊာတြင္ စစ္ေခါင္းေဆာင္က ယခုကဲ့သို႔ေျပာ ၾကားခဲ့ျခင္းျဖစ္သည္။
၎က တိုင္းရင္းသားေဒသမ်ားတြင္ လက္နက္ကိုင္ ပဋိပကၡမ်ားေဖာ္ေဆာင္ေနျခင္း၊ တိုက္ပြဲမ်ားျဖစ္ပြားေနျခင္း၊ ဆူပူအၾကမ္းဖက္ေႏွာင့္ယွက္တိုက္ခိုက္မႈ မ်ားျဖစ္ပြားေနျခင္း တို႔ေၾကာင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားပါ ဒုကၡမ်ားစြာခံစားေနၾကရေၾကာင္း၊ ေဒသ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါ ပ်က္ျပားလာကာ ႏိုင္ငံအတြက္ပါ အႏၲရာယ္ရွိလာႏိုင္သည္ကို အားလုံးကသိရွိလက္ခံ၍ စဥ္းစားသုံးသပ္ဖို႔ လိုၿပီျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားထားသည္။
ထို႔အျပင္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရး ႏိုင္ငံ့ရည္မွန္းခ်က္မ်ားကို ခ်မွတ္ေဆာင္႐ြက္‌ေနေၾကာင္းႏွင့္ လက္ရွိျဖစ္ ေပၚေနသည့္ လက္နက္ကိုင္ပဋိပကၡမ်ား၊ တိုက္ခိုက္ ဖ်က္ဆီးမႈမ်ားသည္ ႏိုင္ငံၿပိဳကြဲပ်က္စီးေရးႏွင့္ တိုင္းရင္းသားျပည္သူအားလုံး အတိဒုကၡေရာက္ေရးကိုသာ ဦးတည္ေနျခင္းျဖစ္သည္ စစ္ေခါင္းေဆာင္က ဆိုသည္။
ထို႔အတြက္ သက္ဆိုင္သူအားလုံးက မ်ိဳးခ်စ္စိတ္ဓာတ္၊ ျပည္ေထာင္စုစိတ္ဓာတ္ႏွင့္ ႏိုင္ငံႏွင့္ျပည္သူကို ကာကြယ္ေစာင့္ေရွာက္ေပးၾကရန္ စစ္ေခါင္းေဆာင္က ေျပာဆိုခဲ့သည္။
ရွမ္းျပည္နယ္အတြင္းရွိ ရွမ္း၊ ကခ်င္၊ ခ်င္းတိုင္းရင္း သားေခါင္းေဆာင္မ်ားက ျပည္မႏွင့္အတူ ပူးေပါင္း လြတ္လပ္ေရးအရယူရန္ သေဘာတူဆုံးျဖတ္ခ်က္ခ်ႏိုင္ခဲ့သည့္ ၁၉၄၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၇ ရက္ကို ရွမ္းျပည္နယ္ေန႔ အျဖစ္ သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *