ရခိုင်မုန့်တီဆက်ချက်ကြတာပေါ့

AA က သိမ်းပိုက်ထားသော မင်းပြားမြို့ကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်တွင် AA က ထိန်းချုပ်ထားသော မင်းပြားမြို့ကို စစ်ကောင်စီ ရေကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရက္ခိုင်ပြည်၊ မြို့နယ်အချို့တွင် ထိတွေ့တိုက်ပွဲအချို့ရှိခဲ့သကဲ့သို စစ်ကောင်စီက မြို့၊ ရွာများနှင့် အရပ်သားပြည်သူများကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ထို့ပြင်ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AAက အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သော ရက္ခိုင်ပြည်၊ မင်းပြားမြိုကို ယမန်နေ့ တစ်ရက်လုံးတွင် စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရမ်းဗြဲမြိုနှင့် အနီးတစ်ဝိုက်နေရာများသို့ ယမန်နေ့ နံနက် ၈ နာရီ ၄၂ မိနစ်မှ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်အထိ စစ်ကောင်စီ၏ သိမ်တောင်ဘုရားကုန်းပေါ်တွင် အခြေချတပ်စွဲထားသည့် တပ်စခန်းက လက်နက်ကြီးများဖြင့် ၃၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တစ်ပြိုင်နက်တည်းတွင်ပင် စစ်ကောင်စီ၏ “အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီ” က လက်နက်ကြီးဖြင့် ၁၉ ကြိမ်နှင့် ကမ်းထိုးဇက်နေဗီမှ လက်နက်ကြီးများဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်အချိန်မှစ၍ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi-17 ဖြင့်လည်း ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ရမ်းဗြဲမြို့၊ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၊ သမိုင်းဝင်ကိုယ်ရံတောင်စေတီ၏ တောင်ကုန်းအနီးဝန်းကျင်နှင့် ရမ်းဗြဲမြိုပေါ်ရပ်ကွက် များထဲမှ အမှတ် ၅ နှင့် ၆ တို့မှာလည်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်၊ ဗုံးစများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

AA က သိမ္းပိုက္ထားေသာ မင္းျပားၿမိဳ႕ကို စစ္ေကာင္စီက ေရေၾကာင္း၊ ေလေၾကာင္းျဖင့္ ထိုးစစ္ဆင္ေန
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၁
ရခိုင္ျပည္နယ္တြင္ AA က ထိန္းခ်ဳပ္ထားေသာ မင္းျပားၿမိဳ႕ကို စစ္ေကာင္စီ ေရေၾကာင္း၊ ေလေၾကာင္းျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္ေနေၾကာင္း ေျမာက္ပိုင္းမဟာမိတ္ ညီေနာင္ ၃ ဖြဲ႕က သတင္းထုတ္ျပန္သည္။
ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔တြင္ ရကၡိဳင္ျပည္၊ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ထိေတြ႕တိုက္ပြဲအခ်ိဳ႕ရွိခဲ့သကဲ့သို စစ္ေကာင္စီက ၿမိဳ႕၊ ႐ြာမ်ားႏွင့္ အရပ္သားျပည္သူမ်ားကို ဦးတည္ပစ္မွတ္ထားတိုက္ခိုက္မႈမ်ားမွာလည္း ဆက္လက္ရွိေနဆဲျဖစ္ေၾကာင္း၊ ထို႔ျပင္ေဖေဖာ္ဝါရီလ ၆ ရက္ေန႔တြင္ ရကၡိဳင့္တပ္ေတာ္ AAက အလုံးစုံထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ေသာ ရကၡိဳင္ျပည္၊ မင္းျပားၿမိဳကို ယမန္ေန႔ တစ္ရက္လုံးတြင္ စစ္ေကာင္စီက ေရေၾကာင္း၊ ေလေၾကာင္းမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။
အလားတူ ပုဏၰားကြၽန္းၿမိဳ႕နယ္တြင္ အေျခစိုက္ထားသည့္ စစ္ေကာင္စီ၏ တပ္ရင္းကလည္း လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ရမ္းၿဗဲၿမိဳႏွင့္ အနီးတစ္ဝိုက္ေနရာမ်ားသို႔ ယမန္ေန႔ နံနက္ ၈ နာရီ ၄၂ မိနစ္မွ မြန္းတည့္ ၁၂ နာရီ ၁၀ မိနစ္အခ်ိန္အထိ စစ္ေကာင္စီ၏ သိမ္ေတာင္ဘုရားကုန္းေပၚတြင္ အေျခခ်တပ္စြဲထားသည့္ တပ္စခန္းက လက္နက္ႀကီးမ်ားျဖင့္ ၃၁ ႀကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။
တစ္ၿပိဳင္နက္တည္းတြင္ပင္ စစ္ေကာင္စီ၏ “အမွတ္ (၄၁) တိုက္ခိုက္ေရးေနဗီ” က လက္နက္ႀကီးျဖင့္ ၁၉ ႀကိမ္ႏွင့္ ကမ္းထိုးဇက္ေနဗီမွ လက္နက္ႀကီးမ်ားျဖင့္ ၅ ႀကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ယမန္ေန႔ မြန္းလြဲ ၁ နာရီ ၂၂ မိနစ္အခ်ိန္မွစ၍ ဂ်က္ဖိုက္တာျဖင့္ ၄ ႀကိမ္တိုင္ လာေရာက္ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီး Mi-17 ျဖင့္လည္း ၁ ႀကိမ္ ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ရမ္းၿဗဲၿမိဳ႕၊ ေအာင္ဓမၼဗိမာန္ဓမၼာ႐ုံ၊ သမိုင္းဝင္ကိုယ္ရံေတာင္ေစတီ၏ ေတာင္ကုန္းအနီးဝန္းက်င္ႏွင့္ ရမ္းၿဗဲၿမိဳေပၚရပ္ကြက္ မ်ားထဲမွ အမွတ္ ၅ ႏွင့္ ၆ တို႔မွာလည္း စစ္တပ္က ပစ္ခတ္ေသာ လက္နက္ႀကီးက်ည္၊ ဗုံးစမ်ား က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *