ရှမ်းမြောက်မှာလှူမဝလို့ ရခိုင်ထိပါတောင်ပုံယာပုံလှူ

မြောက်ဦးမြို့ကို AA က သိမ်းပိုက်ပြီးနောက် စစ်တပ် ခမရ ၃၇၇ နှှု့် ခမရ ၃၇၈ တို့မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း တောင်ပုံ ယာပုံဓာတ်ပုံများကို ထုတ်ပြန်ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ မြောက်ဦးမြို့ကို AA က သိမ်းပိုက်ပြီးနောက် စစ်တပ် ခမရ ၃၇၇ နှှု့် ခမရ ၃၇၈ တို့မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း တောင်ပုံ ယာပုံဓာတ်ပုံများကို ထုတ်ပြန်လိုက်သည်။

ရက္ခိုင်ပြည်၊ မြောက်ဦးတွင် စစ်ကောင်စီ၏လက်ကျန်တစ်ခုတည်း စခန်းဖြစ်သော “ရဲတပ်ရင်း အမှတ် ၃၁ ” ကို ရက္ခိုင့်တပ်‌တော်AAက ဖေဖော် ဝါရီလ ၈ ရက်နေ့တွင် အပြီးသတ်ထိုးစစ်ဆင်တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ မြောက်ဦးမြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားကြောင်း၊ မြောက်ဦးမြို့နယ်တစ်ခုလုံးကို AA ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ၃၇၈ နှင့် ၅၄၀ တပ်ရင်းတို့ကို AA က တိုက်ခိုက် ခဲ့ပြီးနောက် ခမရ ၅၄၀ တပ်ရင်းတစ်ခုလုံးကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ မြောက်ဦးမြို့ရှိ စကခ ၉ လက်အောက်ခံ “ခမရ ၃၇၈ တပ်ရင်း” တစ်ခုလုံးကိုလည်း ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် လည်းကောင်း၊ ခမရ ၃၇၇ တပ်ရင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်းကောင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *