ကစ္ဆပနဒီတံတားကို ခဝေးတွေ ချိုးပစ်😠😠😠

ရန်ကုန် – စစ်တွေ ကားလမ်းမပေါ်က ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်ဖျက်ဆီးစစ်တွေမြို့အဝင် မင်းချောင်းတံတားကိုလည်း မိုင်းခွဲဖျက်ဆီး…ဖေဖော်ဝါရီ ၁၂ – ၂၀၂၄ရခိုင်ပြည်နယ်၊ ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်က ကစ္ဆပနဒီတံတားကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ် တစ်စီးနဲ့ မနေ့က လာရောက်ဗုံးကြဲဖျက်ဆီးသွားတယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်များအရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့ ကျောက်တော်မြို့ကို ဂျက်ဖိုက်တာနဲ့ မနေ့ ည ၈ နာရီ ၃၅ မိနစ်ခန့် အချိန် လာရောက် ဗုံးကြဲရာမှာ ကစ္ဆပနဒီတံတားကိုလည်း ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့အဝင်က မင်းချောင်းတံတားကိုလည်း စစ်ကောင်စီတပ်သားများက မိုင်းခွဲဖျက်ဆီးလိုက်ပြီဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့များမှာ လုံးဝပျက်စီးသွားအောင် ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ရက္ခိုင့်တပ်တော် AA အနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ပြည်နယ်အတွင်း မြို့ ၄ မြို့ကို အလုံးစုံနီး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကုန်းလမ်းကို ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ ပုံစာ- စစ်ကောင်စီ ဗုံးကြဲ ဖျက်ဆီးလိုက်တဲ့ ကစ္ဆပနဒီတံတား

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *