ဒီ၅၀၀၀စား​တွေအရင်ခေါ်လိုက် မျက်စိနောက်တယ်

မန္တလေးမှာ တပ်ထောက်ခံသူတွေ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ဖေဖော်ဝါရီ ၁၃မန္တလေးတိုင်း လွှတ်တော်အရှေ့မှာ ဒီကနေ့ နေ့လယ်၂နာရီဝန်းကျင်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း အကြမ်းဖက်စစ်တပ်ကို ထောက်ခံသူတွေက စုရုံးပြီး ဆန္ဒထုတ်ဖော်နေကြတယ်လို့ သိရပါတယ်။”ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပါတယ် ထောက်ခံပါတယ်”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်နေကြတာ တွေ့ရပါတယ်။စစ်တပ်က အဲဒီထောက်ခံပွဲကို စစ်တပ်အသိုင်းအဝိုင်းကသူတွေ နဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒီတွေကို ခေါ်ဆောင်ပြီး ပြုလုပ်တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။”မန်းလေးမြို့ခံတွေ မပါနိုင်ဘူးဗျ သူတို့တပ်အသိုင်းအဝိုင်းကလူးတွေကို စုပြီးလုပ်တာဖြစ်နိုင်တယ် မန္တလေးမြို့ဝန်းကျင်မှာ ပတ်လည်ဝိုင်းထားတဲ့ တပ်ရင်းတွေအများကြီးရှိတယ် အဲဒါတွေကို စုပြီးကားနဲ့ခေါ်လာတာ ဖြစ်မယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။အဲဒီထောက်ခံပွဲ ပြုလုပ်ဖို့အတွက် မနက်၁၁နာရီဝန်းကျင်မှာ မန္တလေးတောင်ခြေက မြင်းပြိုင်ကွင်းထဲ လူစုနေတာ ဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။”သူ့လူသူခေါ်ပြီး လူစုနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ဒီကနေ့မှာ မန္တလေးမြို့တွင်းမှာ လုံခြုံရေးတင်းကြပ်ထားပြီး ဖမ်းဆီးစစ်ဆေးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ စစ်အုပ်စုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပဒေမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်မပြည့်ခင်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေအသက် ၂၇ နှစ် အထိ သတ်မှတ်ထားပါတယ်။အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျွမ်းကျင်သူတွေဖြစ်မယ်ဆိုရင်တော့ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေကိုတော့ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။စစ်မှုထမ်းဖို့ကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိချမှတ်ခံရနိုင်တယ်လို့ အဲဒီဥပဒေမှာ ပြဌာန်းထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *