သတင်းတွေခပ်စိပ့်စိပ့်ကြားနေရတယ် ခလေးတွေဂရုပြုကြပါ

ပေါ်တာ is not a joke နော်။ လူပျောက် ကြော်ငြာတွေ ဒီရက်ပိုင်း မြင်ရတာ တော်တော် စိတ်နေတယ်။ လူငယ်တွေချည်းပဲ ပျောက်နေတာ။ သတင်းဌာနတွေမှာ ဖော်ပြချက်အရ ဒီရက်ပိုင်း ထဲမှာကို စစ်တပ်ရဲ့ အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်တာ ခံရသူ ၄၀၀ ကျော်သွားပြီလို့ သိရတယ်။ သွားသတိ လာသတိနဲ့ နေကြပါ။

❎ သေရေး ရှင်ရေးလောက် အရေးမကြီးရင် ခရီး မထွက်ပါနဲ့။ တကယ်လို့ သွားရမယ် ဆိုရင်တောင် ကိုယ်သွားရမယ့် နေရာရဲ့ အခြေအနေကို အရင် စုံစမ်းပြီးမှ သွားပါ။❎ အပြင်မှာ သွားလာနေတဲ့အချိန် ဘေးဘီကို အမြဲ အကဲခတ်ပါ။ သတိလက်လွတ် မနေပါနဲ့။ လူပြတ်တဲ့ အချိန် တစ်ယောက်တည်း သွားတာမျိုး တတ်နိုင် သလောက် ရှောင်ကြပါ။

❎ ညဘက် အရမ်းမိုးချုပ်တဲ့ အချိန်ထိ အပြင်မှာ မနေပါနဲ့။ ညဘက် လုပ်ရတဲ့ အလုပ်ဆိုလည်း ရုံး အဆောက်အအုံ ထဲမှာပဲ နေပါ။ (အလုပ်ရှင် တွေကလည်း ညည့်နက်တဲ့ အထိ အလုပ်ခိုင်းတာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါ)❎ ကိုယ်သွားမယ့် နေရာ၊ ကြာမယ့် အချိန်တွေကို တစ်ယောက်ယောက် သိအောင် အမြဲ ပြောထားပါ။ မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်လာရင် အရေးပေါ် ဆက်သွယ်ဖို့ စိတ်ချရတဲ့သူ တစ်ယောက် ထားပါ။

❎ စစ်တပ်နဲ့ရဲက တစ်ဖွဲ့တည်းသားတွေ ဖြစ်လို့ အရေးကြုံလာရင် သူတို့ကို အကူအညီ ရနိုင်ဖို့ မလွယ်ဘူး ဆိုတာ ကြိုတွေးထားပါ။ ပြည်သူ အချင်းချင်း အပြန်အလှန် ကူညီကြပါ။ ပြည်သူမှာ ပြည်သူပဲ ရှိပါတယ်။ကိုယ့်ညီတွေ ညီမတွေလို စိုးရိမ်လို့ သတိပေး တာပါ။ လိုက်နာတာ မနာတာ ကတော့ ကိုယ့်ရဲ့ သဘောပါပဲ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *