ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်ကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)
ဖေဖော်ဝါရီလ ၁၈
ရန်ကုန်- မန္တလေး အမြန်လမ်း တစ်နေရာမှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ် တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း မြင်းခြံခရိုင် နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရပါတယ်။
ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် မော်တော်ယာဉ်ကို တိုက်ရိုက်ထိမှန်ခြင်းထက် ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ထိမှန်ဖို့ရည်ရွယ်တာလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်တစ်စီးတည်း မောင်းနှင်လာစဉ် ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ခြင်းကို ရုပ်သံမှတတမ်းနဲ့တကွ အသိပေး ထုတ်ပြန်လာခဲ့ပါတယ်။ ဖြစ်စဉ်အတိအကျနဲ့ ဖောက်ခွဲခဲ့တဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။