တောင်ကြီးမှာ ကိုယ်လုံးပေါ်အလှဓါတ်ပုံနဲ့ ဧည့်စာရင်းတိုင်ရမယ်လို့ အမိန့်ထုတ်

တောင်ကြီးမှာ ကိုယ်လုံးပေါ်အလှဓါတ်ပုံနဲ့ ဧည့်စာရင်းတိုင်ရမယ်လို့ စစ်ကောင်စီအမိန့်ထုတ်

ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စစ်မှုထမ်း ဥပဒေပြဌာန်းတဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းကစပြီး ဧည့်စာရင်းတိုင်ရင် တစ်ကိုယ်လုံး အလှဓါတ်ပုံနဲ့အတူ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မိတ္တူကို ပူးတွဲတင်ပြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လွိုင်ကော်ကနေ တောင်ကြီးမြို့ကို စစ်ဘေးရှောင်လာသူ တစ်ဦးက “ဘယ်လိုဥပဒေမှန်း မသိဘူး။ ဓါတ်ပုံလည်း ပြန်ထုတ်ရတော့ အလုပ်ရှုပ်တယ်။ မိတ္တူဆိုင်မှာ လူပြုံတိုးနေရတာပဲ။ ရပ်ကွက်ရုံးမှာလည်း အလှည့်တော်တော် စောင့်ရတယ်” လို့ ပြောပါတယ်။

အရင်တုန်းက ဧည့်စာရင်းကို နယ်မြေမှူး၊ ရာအိမ်မှူးတွေကတဆင့် တိုင်လို့ရပေမယ့် လက်ရှိမှာ ရပ်ကွက်ရုံးကို ကိုယ်တိုင်သွားနေရပြီး တန်းစီစောင့်ဆိုင်းရတာကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ကြုံနေရကာ စစ်ဘေးရှောင်တွေ အနေနဲ့ အလုပ်အကိုင် ပျက်တဲ့ဒုက္ခတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်ရှင်၊ အိမ်ငှား စာချုပ်တွေလည်း ပူးတွဲတင်ပြနေရတာကြောင့် လုံးချင်းအိမ် မငှားနိုင်တဲ့ စစ်ဘေးရှောင်တွေအတွက် အခက်ကြုံနေရတယ်လို့ ကျောင်းကြီးစု ရပ်ကွက်အတွင်း ဘော်ဒါဆောင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

“စစ်ရှောင်လာပါတယ်ဆို ဘယ်သူက အိမ်ငှားနိုင်မလဲ။ တော်တော်များများက လူနေအိမ်ထဲက အခန်းကျဉ်းတွေ၊ ကျောင်းသားဆောင်တွေမှာ ငှားနေကြတာပဲ။ အဆောင်ဆိုတော့ စာချုပ် မရှိဘူးလေ။ လချင်းပေးပေါ့။ ဒါတောင် မပြေလည်ကြပါဘူး။ အနည်းဆုံး ၃ လတောင် မချုပ်နိုင်ကြပါဘူး။ သူတို့ ပြောလာတော့လည်း ဖန်တီးယူရတာပေါ့”

အရင်က ဧည့်စာရင်း တိုင်ရမယ့်စာရင်းမှာ တက္ကသိုလ်ကျောင်းသားတွေ မပါဝင်ပေမယ့် လတ်တလောမှာတော့ တောင်ကြီးမြို့ သန်းခေါင်စာရင်း မပါဝင်တဲ့လူတိုင်းဟာ တစ်လတစ်ခါ ဧည့်စာရင်းတိုင်ရမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီးနောက်ပိုင်း တောင်ကြီးမြို့ ရပ်ကွက်တစ်ခုစီတိုင်းမှာ ရဲ ၂ ဦး အရပ်ဝတ်နဲ့ စောင့်ကြပ်ကာ အခြေအနေ စောင့်ကြည့်နေပြီး ဘားထိုင်တဲ့ လူငယ်တွေကို မတရားဖမ်းဆီး ငွေညှစ်တာတွေလည်း ကြုံနေရတယ်လို့ စုံစမ်း သိရပါတယ်။

ေတာင္ႀကီးမွာ ကိုယ္လုံးေပၚအလွဓါတ္ပုံနဲ႔ ဧည့္စာရင္းတိုင္ရမယ္လို႔ စစ္ေကာင္စီအမိန႔္ထုတ္
ေဖေဖာ္ဝါရီ ၁၉
ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕မွာ စစ္မႈထမ္း ဥပေဒျပဌာန္းတဲ့ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ ေနာက္ပိုင္းကစၿပီး ဧည့္စာရင္းတိုင္ရင္ တစ္ကိုယ္လုံး အလွဓါတ္ပုံနဲ႔အတူ သန္းေခါင္စာရင္းနဲ႔ မွတ္ပုံတင္ မိတၱဴကို ပူးတြဲတင္ျပရတယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။
လြိဳင္ေကာ္ကေန ေတာင္ႀကီးၿမိဳ႕ကို စစ္ေဘးေရွာင္လာသူ တစ္ဦးက “ဘယ္လိုဥပေဒမွန္း မသိဘူး။ ဓါတ္ပုံလည္း ျပန္ထုတ္ရေတာ့ အလုပ္ရႈပ္တယ္။ မိတၱဴဆိုင္မွာ လူၿပဳံတိုးေနရတာပဲ။ ရပ္ကြက္႐ုံးမွာလည္း အလွည့္ေတာ္ေတာ္ ေစာင့္ရတယ္” လို႔ ေျပာပါတယ္။
အရင္တုန္းက ဧည့္စာရင္းကို နယ္ေျမမႉး၊ ရာအိမ္မႉးေတြကတဆင့္ တိုင္လို႔ရေပမယ့္ လက္ရွိမွာ ရပ္ကြက္႐ုံးကို ကိုယ္တိုင္သြားေနရၿပီး တန္းစီေစာင့္ဆိုင္းရတာေၾကာင့္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြ ႀကဳံေနရကာ စစ္ေဘးေရွာင္ေတြ အေနနဲ႔ အလုပ္အကိုင္ ပ်က္တဲ့ဒုကၡေတြ ႀကဳံေနရတယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ အိမ္ရွင္၊ အိမ္ငွား စာခ်ဳပ္ေတြလည္း ပူးတြဲတင္ျပေနရတာေၾကာင့္ လုံးခ်င္းအိမ္ မငွားႏိုင္တဲ့ စစ္ေဘးေရွာင္ေတြအတြက္ အခက္ႀကဳံေနရတယ္လို႔ ေက်ာင္းႀကီးစု ရပ္ကြက္အတြင္း ေဘာ္ဒါေဆာင္ပိုင္ရွင္ တစ္ဦးက ေျပာပါတယ္။
“စစ္ေရွာင္လာပါတယ္ဆို ဘယ္သူက အိမ္ငွားႏိုင္မလဲ။ ေတာ္ေတာ္မ်ားမ်ားက လူေနအိမ္ထဲက အခန္းက်ဥ္းေတြ၊ ေက်ာင္းသားေဆာင္ေတြမွာ ငွားေနၾကတာပဲ။ အေဆာင္ဆိုေတာ့ စာခ်ဳပ္ မရွိဘူးေလ။ လခ်င္းေပးေပါ့။ ဒါေတာင္ မေျပလည္ၾကပါဘူး။ အနည္းဆုံး ၃ လေတာင္ မခ်ဳပ္ႏိုင္ၾကပါဘူး။ သူတို႔ ေျပာလာေတာ့လည္း ဖန္တီးယူရတာေပါ့”
အရင္က ဧည့္စာရင္း တိုင္ရမယ့္စာရင္းမွာ တကၠသိုလ္ေက်ာင္းသားေတြ မပါဝင္ေပမယ့္ လတ္တေလာမွာေတာ့ ေတာင္ႀကီးၿမိဳ႕ သန္းေခါင္စာရင္း မပါဝင္တဲ့လူတိုင္းဟာ တစ္လတစ္ခါ ဧည့္စာရင္းတိုင္ရမယ္ဆိုၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးက ၫႊန္ၾကားထားတယ္လို႔ သူက ဆက္ေျပာပါတယ္။
စစ္မႈထမ္း ဥပေဒ ျပဌာန္းၿပီးေနာက္ပိုင္း ေတာင္ႀကီးၿမိဳ႕ ရပ္ကြက္တစ္ခုစီတိုင္းမွာ ရဲ ၂ ဦး အရပ္ဝတ္နဲ႔ ေစာင့္ၾကပ္ကာ အေျခအေန ေစာင့္ၾကည့္ေနၿပီး ဘားထိုင္တဲ့ လူငယ္ေတြကို မတရားဖမ္းဆီး ေငြညႇစ္တာေတြလည္း ႀကဳံေနရတယ္လို႔ စုံစမ္း သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *