အမြည်းက၄၀ ကျော်ဆိုပဲ အတိအကျထုတ်ပြန်မှပိုပျော်ကြ

ကလေးမြို့တိုက်ပွဲ စခန်း ၃ ခုသိမ်းနိုင် စစ်တပ်ဘက်က ဗိုလ်ကြီးအပါ အများအပြားသေဆုံး

ဖေဖော်ဝါရီလ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်ကစတင်ပြီး တိုက်ပွဲပြင်းထန်နေရာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စခန်း ၃ ခုအထိ သိမ်းထားနိုင်သလို စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် အများအပြားသေဆုံးတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ရက် မနက် ၅ နာရီဝန်းကျင်ကစကာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး အဆိုပါတိုက်ပွဲကို တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ ၁၆ ဖွဲ့ ပူးပေါင်းကာ ဖော်ဆောင်နေတာလို့ ဆိုပါတယ်။ဖေဖော်ဝါရီ ၂၁ ရက် နဲ့ ၂၂ ရက်တွေမှာ စခန်းသိမ်းပွဲ ဆင်နွှဲနေပြီး ဖေဖော်ဝါရီ ၂၃ ရက် မနက် ၄ နာရီလောက်မှာ ကလေးမြို့ မြောက်ပိုင်းက ကံကြီးရွာစခန်း၊ ကံသာယာရွာစခန်းနဲ့ ကလေးတောင်ပိုင်းက စက္ကန့်ရွာစခန်း စုစုပေါင်း စစ်ကောင်စီစခန်း ၃ ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။

“စခန်း ၃ ခုသိမ်းထားပြီ၊ တောင်နဲ့မြောက် အတူတူ‌ ပူးပေါင်းတိုက်နေတာပါ။ စစ်ကောင်စီက battle ရင်ဆိုင်နိုင်တဲ့ အခြေနေမှာတော့ မရှိတော့ဘူး။ လက်နက်အင်အားပဲ ရှိတော့တာ။ လူအင်အား မရှိတော့ဘူး။ ကျနော်တို့ကတော့ စနစ်တကျနဲ့ ခရီးပေါက်သလောက် သွားမှာပါ။” လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။သိမ်းဆည်းထားတဲ့စခန်းတချို့ကိုလည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ခလရ ၂၂၈ က စစ်ကြောင်းမှူး ဗိုလ်ကြီး မင်းခန့်ကိုအပါအဝင် ၄၀ နီးပါး သေဆုံးကာ၊ အဆိုပါ ဗိုလ်ကြီးနဲ့ အဖွဲ့ကို လာရောက်ကယ်ထုတ်တဲ့ တပ်မ ၇၇ က စစ်ကြောင်းမှူး ဗိုလ်ကြီးတဦးလည်း စနိုက်ပါထိမှန်ပြီး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“Droneတွေ နဲ့ ဗုံးကြဲတာတွေ လက်နက်ကြီးထိတာတွေတော့ အများကြီးပဲသေတာ။ မိုင်းဆွဲလို့သေသွားတာကတော့ ၄၀ လောက်ရှိပြီ။ ကားပေါ်မှာပါလာတာတွေပေါ့။ ကားတွေလည်း ပျက်စီးသွားတယ်။” လို့ မြေပြင်ရဲဘော်က ပြောပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီ အလောင်းတွေနဲ့ လက်နက်ခဲယမ်းတချို့ ရရှိထားပေမယ့် မထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး အလုံး ၆၀ ကျော် ပစ်ခတ်ခဲ့လို့ ပြည်သူ ၆ ဦးနဲ့ နွား ၂ ကောင် သေဆုံးကာ၊ ပြည်သူ ၁၁ ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရထားပြီး၊ နေအိမ် ၇လုံးထပ်မနည်း ပျက်စီးထားတယ်လို့ သိရပါတယ်။ကလေးမြို့မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၃ နိုဝင်ဘာလကလည်း စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲထားပြီး စစ်ကောင်စီစခန်း ၅ ခုကို သိမ်းဆည်းထားနိုင်တာလည်း ဖြစ်ပါတယ်။ပုံစာ – ၂၀၂၃ နိုဝင်ဘာ ၂၃ ရက် စခန်းသိမ်းပွဲတွင် ဖမ်းမိခဲ့သည့် ရန်ကြီးအောင်စခန်းမှ စစ်သုံ့ပန်းတချို့ (ပုံဟောင်း)။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *