“လမ်းများအားလုံးနေပြည်တော်သို့”ကြားရုံနဲ့ကြောက်နေကြဘီ

နေပြည်တော်တွင် မဆုတ်တမ်းခံစစ် ၊ တန်ပြန်တိုက်စစ် နှင့် စီမံချက်အသစ်များကို ပြင်ဆင်ရေးဆွဲခိုင်းထားပြီး အဆင်ပြေသည့်စီမံချက်ကို အသုံးပြုမည်

ဖေဖော်ဝါရီလ ၂၅ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ရှိ ရေဆင်းနှင့် ပျဉ်းမနားမြို့နယ်များတွင် တပ်နယ်အလိုက် မဆုတ်တမ်းခံစစ်၊ တန်ပြန်တိုက် စစ်နှင့် စီမံချက်များကို အသစ်ရေးဆွဲပြင်ဆင်ခိုင်းနေကြောင်း သိရသည်။

အဆိုပါ စီမံချက်အသစ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်ခန့်မှစတင်ပြီး ပြန်လည်အဆင်မြှင့်ရေးဆွဲခိုင်းပြီး ပစ်ကူ၊ စစ်ကူစီမံချက်များကိုပါ တပ်အချင်းချင်း ညှိနှိုင်းရေးဆွဲခိုင်း၍ အဆင်ပြေသည့်စီမံချက်ကို နေပြည်တော်နယ်မြေအတွင်း အသုံးချသွားမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“အသစ်ခေါ်ထားတဲ့ ပြည်သူ့စစ်တွေကို အုပ်ချုပ်ဖို့ဆို ပြီး စစ်တပ်ကနေ ဘီပိုး၊ စီပိုးရှိလို့ ထုတ်ထားတဲ့ဗိုလ် မှူးအဆင့်တွေကိုလည်း ပြန်ခေါ်ပြီးအုပ်ချုပ်ခိုင်းထားတာ။ ဘယ်လိုအစီအစဉ်ဆွဲပြီး ရှေ့ဆက် ကြမလဲမသိဘူး။ စီမံချက်အသစ်ဆွဲတာတွေကလည်း တပ်အချင်းချင်း ညှိနှိုင်းပြီး ကောင်းတဲ့စီမံချက်ကို ယူမယ်လို့ပြောတယ်”ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက နေပြည်တော်နယ်‌မြေ စိုးမိုးခွင့်ရရှိရေး အတွက် တပ်အင်အားများကို စုဆောင်းလျက်ရှိရာ အင်အားမလုံလောက်သောကြောင့် နေပြည်တော်နှင့် အနီးတဝိုက်ရှိ ကျေးရွာများနှင့် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများမှ ပြည်သူ့စစ်များကို အပြင်းအထန်စုဆောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စုဆောင်းရရှိထားသူများကိုလည်း လက်နက်များတပ်ဆင်ပေးထားပြီး စစ်ရေး လေ့ကျင့်မှုများပါ ပြုလုပ်ပေးလျက်ရှိကြောင်း ပြည်သူ့စစ်နှင့်နီးစပ်သူထံက သိရသည်။

ယခုကဲ့သို့ အပြင်းအထန်ကာကွယ်နေသည့် စစ်ကောင်စီ၏ နေပြည်တော်ကို ထိုးဖောက်၀င်ရောက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က KNU ၏ နယ်မြေစိုးမိုးရေးဆိုင်ရာ တွေ့ဆုံမေးမြန်းခန်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုအလုပ်မှုဆောင် ပဒိုစောတောနီးက ထုတ်ဖော်ပြောဆိုသွားသည်။

ထို့အပြင် ပဒိုစောတောနီးက “အာရှလမ်းမကြီးအထိ ကျွန်တော်တို့သွားချင်တဲ့နေရာကို ကျွန်တော်တို့သွား လို့ရတယ်။ အာဏာသိမ်းစစ်တပ်က အပြင်လုံး၀မထွက်ရဲဘဲ တပ်စခန်းထဲမှာ နေထိုင်နေရပြီး စစ်တပ် က ခံစစ်၊ ခွာစစ်၊ ပြေးစစ်ပါဖြစ်နေပြီ” ဟု ဆိုထားသည်။

KNU အနေဖြင့် နယ်မြေများကို စိုးမိုးမှုရယူပြီး မြို့သိမ်းသည်ထက် နေပြည်တော်ကို မည်ကဲ့သို့ထိုးဖောက်ရမည်ကိုသာ စဉ်းစားရမည်ဖြစ်ကြောင်းလည်း ပဒိုစောတောနီးက ပြောဆိုခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေသည် စစ်ကောင်စီရုံး စိုက်ရာနယ်မြေဖြစ်သည့်အပြင် ၎င်းတို့တပ်အရာရှိအကြီးပိုင်းများ နေထိုင်နေသည့် နယ်မြေဖြစ်သောကြောင့် နယ်မြေအသိမ်းခံရပါက ဂုဏ်သိက္ခာကျဆင်းမည်ဟုဆိုကာ အပြင်းအထန်ကာကွယ်နေခြင်းဖြစ်သည်။

ထို့ကြောင့် နေပြည်တော်ကောင်စီသို့ လမ်းပွင့်နိုင်သည့် ပဲခူးတိုင်းအနောက်ခြမ်းရှိ တိုက်ပွဲများနှင့် ကရင်နီတိုက်ပွဲများတွင် စစ်ကောင်စီက အင်အားအလုံးအရင်း သုံးထားသည့်အပြင် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများကိုပါ အဆမတန်အသုံးပြု တိုက်ခိုက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုသည်။

ထိုသို့ နေပြည်တော်နှင့်နီးစပ်သည့် နယ်မြေများတွင် စစ်ရေးပြင်းထန်လာသည့်အတွက် စစ်ကောင်စီက အမျိုးမျိုးသော စီမံချက်များရေးဆွဲပြီး မဆုတ်တမ်း ခံစစ်၊ ခွာစစ်နှင့် တန်ပြန်တိုက်စစ်များတွင် မည်သည့် နည်း‌ဗျူဟာကိုအသုံးပြုရမည် မသိသေးဘဲ အစီအစဉ်ဆွဲကာ ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

ပုံစာ- စစ်ကောင်စီက နေပြည်တော်တွင် ပြုလုပ်သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမြင်ကွင်း (၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်)

ေနျပည္ေတာ္တြင္ မဆုတ္တမ္းခံစစ္ ၊ တန္ျပန္တိုက္စစ္ ႏွင့္ စီမံခ်က္အသစ္မ်ားကို ျပင္ဆင္ေရးဆြဲခိုင္းထားၿပီး အဆင္ေျပသည့္စီမံခ်က္ကို အသုံးျပဳမည္
ေဖေဖာ္ဝါရီလ ၂၅ ရက္
စစ္ေကာင္စီ႐ုံးစိုက္ရာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ရွိ ေရဆင္းႏွင့္ ပ်ဥ္းမနားၿမိဳ႕နယ္မ်ားတြင္ တပ္နယ္အလိုက္ မဆုတ္တမ္းခံစစ္၊ တန္ျပန္တိုက္ စစ္ႏွင့္ စီမံခ်က္မ်ားကို အသစ္ေရးဆြဲျပင္ဆင္ခိုင္းေနေၾကာင္း သိရသည္။
အဆိုပါ စီမံခ်က္အသစ္မ်ားကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၀ ရက္ခန႔္မွစတင္ၿပီး ျပန္လည္အဆင္ျမႇင့္ေရးဆြဲခိုင္းၿပီး ပစ္ကူ၊ စစ္ကူစီမံခ်က္မ်ားကိုပါ တပ္အခ်င္းခ်င္း ညႇိႏႈိင္းေရးဆြဲခိုင္း၍ အဆင္ေျပသည့္စီမံခ်က္ကို ေနျပည္ေတာ္နယ္ေျမအတြင္း အသုံးခ်သြားမည္ျဖစ္ေၾကာင္း တပ္တြင္းသတင္းရင္းျမစ္ထံက သိရသည္။
“အသစ္ေခၚထားတဲ့ ျပည္သူ႔စစ္ေတြကို အုပ္ခ်ဳပ္ဖို႔ဆို ၿပီး စစ္တပ္ကေန ဘီပိုး၊ စီပိုးရွိလို႔ ထုတ္ထားတဲ့ဗိုလ္ မႉးအဆင့္ေတြကိုလည္း ျပန္ေခၚၿပီးအုပ္ခ်ဳပ္ခိုင္းထားတာ။ ဘယ္လိုအစီအစဥ္ဆြဲၿပီး ေရွ႕ဆက္ ၾကမလဲမသိဘူး။ စီမံခ်က္အသစ္ဆြဲတာေတြကလည္း တပ္အခ်င္းခ်င္း ညႇိႏႈိင္းၿပီး ေကာင္းတဲ့စီမံခ်က္ကို ယူမယ္လို႔ေျပာတယ္”ဟု စစ္႐ုံးခ်ဳပ္ႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္က ေျပာသည္။
စစ္ေကာင္စီက ေနျပည္ေတာ္နယ္‌ေျမ စိုးမိုးခြင့္ရရွိေရး အတြက္ တပ္အင္အားမ်ားကို စုေဆာင္းလ်က္ရွိရာ အင္အားမလုံေလာက္ေသာေၾကာင့္ ေနျပည္ေတာ္ႏွင့္ အနီးတဝိုက္ရွိ ေက်း႐ြာမ်ားႏွင့္ ပဲခူးတိုင္းအတြင္းရွိ ေက်း႐ြာမ်ားမွ ျပည္သူ႔စစ္မ်ားကို အျပင္းအထန္စုေဆာင္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ စုေဆာင္းရရွိထားသူမ်ားကိုလည္း လက္နက္မ်ားတပ္ဆင္ေပးထားၿပီး စစ္ေရး ေလ့က်င့္မႈမ်ားပါ ျပဳလုပ္ေပးလ်က္ရွိေၾကာင္း ျပည္သူ႔စစ္ႏွင့္နီးစပ္သူထံက သိရသည္။
ယခုကဲ့သို႔ အျပင္းအထန္ကာကြယ္ေနသည့္ စစ္ေကာင္စီ၏ ေနျပည္ေတာ္ကို ထိုးေဖာက္၀င္ေရာက္သြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က KNU ၏ နယ္ေျမစိုးမိုးေရးဆိုင္ရာ ေတြ႕ဆုံေမးျမန္းခန္းတြင္ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ၏ ဗဟိုအလုပ္မႈေဆာင္ ပဒိုေစာေတာနီးက ထုတ္ေဖာ္ေျပာဆိုသြားသည္။
ထို႔အျပင္ ပဒိုေစာေတာနီးက “အာရွလမ္းမႀကီးအထိ ကြၽန္ေတာ္တို႔သြားခ်င္တဲ့ေနရာကို ကြၽန္ေတာ္တို႔သြား လို႔ရတယ္။ အာဏာသိမ္းစစ္တပ္က အျပင္လုံး၀မထြက္ရဲဘဲ တပ္စခန္းထဲမွာ ေနထိုင္ေနရၿပီး စစ္တပ္ က ခံစစ္၊ ခြာစစ္၊ ေျပးစစ္ပါျဖစ္ေနၿပီ” ဟု ဆိုထားသည္။
KNU အေနျဖင့္ နယ္ေျမမ်ားကို စိုးမိုးမႈရယူၿပီး ၿမိဳ႕သိမ္းသည္ထက္ ေနျပည္ေတာ္ကို မည္ကဲ့သို႔ထိုးေဖာက္ရမည္ကိုသာ စဥ္းစားရမည္ျဖစ္ေၾကာင္းလည္း ပဒိုေစာေတာနီးက ေျပာဆိုခဲ့သည္။
ေနျပည္ေတာ္ေကာင္စီနယ္ေျမသည္ စစ္ေကာင္စီ႐ုံး စိုက္ရာနယ္ေျမျဖစ္သည့္အျပင္ ၎တို႔တပ္အရာရွိအႀကီးပိုင္းမ်ား ေနထိုင္ေနသည့္ နယ္ေျမျဖစ္ေသာေၾကာင့္ နယ္ေျမအသိမ္းခံရပါက ဂုဏ္သိကၡာက်ဆင္းမည္ဟုဆိုကာ အျပင္းအထန္ကာကြယ္ေနျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ေနျပည္ေတာ္ေကာင္စီသို႔ လမ္းပြင့္ႏိုင္သည့္ ပဲခူးတိုင္းအေနာက္ျခမ္းရွိ တိုက္ပြဲမ်ားႏွင့္ ကရင္နီတိုက္ပြဲမ်ားတြင္ စစ္ေကာင္စီက အင္အားအလုံးအရင္း သုံးထားသည့္အျပင္ လက္နက္ႀကီးပစ္ကူႏွင့္ ေလေၾကာင္းပစ္ကူမ်ားကိုပါ အဆမတန္အသုံးျပဳ တိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း ႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ားက သုံးသပ္ေျပာဆိုသည္။
ထိုသို႔ ေနျပည္ေတာ္ႏွင့္နီးစပ္သည့္ နယ္ေျမမ်ားတြင္ စစ္ေရးျပင္းထန္လာသည့္အတြက္ စစ္ေကာင္စီက အမ်ိဳးမ်ိဳးေသာ စီမံခ်က္မ်ားေရးဆြဲၿပီး မဆုတ္တမ္း ခံစစ္၊ ခြာစစ္ႏွင့္ တန္ျပန္တိုက္စစ္မ်ားတြင္ မည္သည့္ နည္း‌ဗ်ဴဟာကိုအသုံးျပဳရမည္ မသိေသးဘဲ အစီအစဥ္ဆြဲကာ ညႇိႏႈိင္းလ်က္ရွိေၾကာင္း သိရသည္။
ပုံစာ- စစ္ေကာင္စီက ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ ၇၈ ႏွစ္ေျမာက္ တပ္မေတာ္ေန႔ အခမ္းအနားျမင္ကြင္း (၂၀၂၃ ခုႏွစ္ မတ္လ ၂၇ ရက္)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *