ရန်ကုန်မြို့ပွဲသံ​ တွေတအုန်းအုန်းနဲ့

မင်္ဂလာဒုံစစ်ဆေးရုံ၏ လုံခြုံရေးစစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြောက်ဥက္ကလာနှင့်တောင်ဒဂုံတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်း၊ အမှတ် ၁ ကုတင် ၁၀၀၀ မင်္ဂလာဒုံစစ်ဆေးရုံရှေ့တွင် လုံခြုံရေးယူထားသော စစ်တပ်ကို ယနေ့ နံနက်အစောပိုင်းတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ၊ အမှတ် ၁ ကုတင် ၁၀၀၀ စစ်ဆေးရုံ၊ အထူးကုစင်တာရှေ့တွင် လုံခြုံရေးယူထားသော စစ်တပ် ဂိတ်တဲကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံး ၁ လုံးပေါက်ကွဲပြီး ကျန် ၁ လုံးမှာ ပေါက်ကွဲခြင်းမရှိကြောင်း ရဲဘော် ပန်ဒါက ပြောသည်။

မင်္ဂလာဒုံစစ်ဆေးရုံအနီး နေထိုင်သူ ပြည်သူတစ်ဦးက “အခုမနက် ၅ နာရီ ၁၀ မိနစ် အချိန် ဗုံးပေါက်ကွဲသံ အတော် ကို ကျယ်ပါတယ်။ ခဏနေတော့ စစ်ကားတချို့နဲ့ ရဲကားတွေ ရောက်လာတာတွေ့ရတယ်။ စစ်ဆေးမှုတွေ လုပ်တာထင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညပိုင်း မြောက်ဥက္ကလာနှင့်တောင်ဒဂုံတို့တွင် ဗုံးများပေါက်ကွဲကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

Tintinthin

သတင်းထုတ်ပြန်ချက်
ယမန်နေ့ ၂၆.၂.၂၀၂၄ ရက် နံနက် ၅ နာရီ ၁၀ မိနစ် တွင် ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်ရှိ အမှတ် ၁ ကုတင် ၁၀၀၀ စစ်ဆေးရုံရှိ လုံခြုံရေးဂိတ်ကို ကျွန်ုပ်တို့ Dark Shadow တပ်ဖွဲ့မှ Drone နည်းပညာအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုမရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။
ထိုစစ်ဆေးရုံတွင် ရှေ့တန်းပြန်ဒဏ်ရာရစစ်ခွေးများ လက်ရှိအချိနတွင်ဆေးကုသမှူခံယူနေရှိသည်ဟုကြားသိရပြီး မိမိတို့အနေဖြင့် ပြည်သူများအားနေ့စဉ် ဒုက္ခပေးနေသော် စစ်ကောင်စီ၏ စစ်ခွေးမိစ္စာများကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။နောက်ပစ်မှတ်များကိုလဲ ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီ မှ ရဲခွေး၊ စစ်ခွေးနှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်ခွေးများ စုဝေးရာနေရာများသို့ မသွားကြရန် နှင့်ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါ

သတင်းထုတ်ပြန်ချက်ယမန်နေ့ ၂၆.၂.၂၀၂၄ ရက် နံနက် ၅ နာရီ ၁၀ မိနစ် တွင် ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်ရှိ အမှတ် ၁ ကုတင် ၁၀၀၀ စစ်ဆေးရုံရှိ လုံခြုံရေးဂိတ်ကို ကျွန်ုပ်တို့ Dark Shadow တပ်ဖွဲ့မှ Drone နည်းပညာအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုမရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။ထိုစစ်ဆေးရုံတွင် ရှေ့တန်းပြန်ဒဏ်ရာရစစ်ခွေးများ လက်ရှိအချိနတွင်ဆေးကုသမှူခံယူနေရှိသည်ဟုကြားသိရပြီး မိမိတို့အနေဖြင့် ပြည်သူများအားနေ့စဉ် ဒုက္ခပေးနေသော် စစ်ကောင်စီ၏ စစ်ခွေးမိစ္စာများကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။နောက်ပစ်မှတ်များကိုလဲ ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီ မှ ရဲခွေး၊ စစ်ခွေးနှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်ခွေးများ စုဝေးရာနေရာများသို့ မသွားကြရန် နှင့်ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်

“မြောက်ဥက္ကလာ၊ ဇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ည ၈ နာရီနဲ့ ည ၈ နာရီ ၈ မိနစ်မှာ ဗုံးပေါက်သံ ၂ ချက် ဆက် တိုက်ပဲကြားရတယ်။ အတော်ကိုအသံက ကျယ်တာ။ ခဏနေတော့ မြောက်ဥက္ကလာအ၀ိုင်းဘက်တွေ၊ လမ်းဆုံဘက်တွေ၊ အုတ်ပုံဆိပ်အနီး ၄၃၅ ၊ ၄၃၆ တပ်တွေရှေ့မှာ စစ်ခွေးတွေ ကားတွေ၊ လိုင်းကားတွေကို စစ်တာတွေ့ရတယ်”ဟု မြောက်ဥက္ကလာပတွင် နေထိုင်သူ တက္ကစီသမားတစ်ဦးက ရှင်းပြသည်။

အလားတူ ယမန်နေ့ ညပိုင်း ည ၈ နာရီနှင့် ည ၁၁ နာရီ ၃၀ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဓာတ်ပုံ- စစ်ကောင်စီက အသစ်ဖွင့်လှစ်ထားသော ရဟတ်ယာဉ်ပါ ဆင်းသက်နိုင်သည့် မင်္ဂလာဒုံ စစ်ဆေးရုံ အမှတ် ကုတင် ၁၀၀၀ အထူးကုစင်တာ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *