မူစကူဒူးမည့် ညမှာ ငှက်ပျောဖူးကျွေးခံရ(ရုပ်သံ)

ပန်းရံပျူခေါင်းဆောင်ရဲ့ မင်္ဂလာဆောင်အဝင်ညမှာ မူးရှုးသောက်စားပြီး စိန်ခေါ်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက် (ရုပ်သံ)

ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံပျူလက်နက်ကိုင်ခေါင်းဆောင် မိုးအောင်မင်္ဂလာဆောင်အဝင်ညမှာ သောက်စားမှုရှုးပြီး PDFတွေဒရုန်းနဲ့လာချရဲရင်လာခဲ့ ဂျန်မာရှိတယ်လို့စိန်ခေါ်တဲ့အတွက် ဒရုန်းနဲ့သွားဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဗိုလ်မိကျောင်းက ပြောပါတယ်။

မနေ့ညက သတို့သားပျူလက်နက်ကိုင်မိုးအောင်မင်္ဂလာဆောင်မှာ ပျူတွေလူစုပြီး သောက်စားမှုးရှုးစိန်ခေါ်နေလို့ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။

“မင်္ဂလာဆောင်အဝင်ညမှာ ပျူတွေစုပြီး သောက်စားနေတယ်လို့ အတွင်းသတင်းရလို့ ၄လက်ဒရုန်း၂စီးနဲ့သွားတိုက်ခိုက်ခဲ့တာပါ။ထိခိုက်မှုကတော့ရှိမှာပါဗျ။ ကျနော်တိုအတိအကျသိရဖို့ စုံစမ်းနေဆဲပါ။ ပျူအားကောင်းတဲ့ရွာဆိုတော့ စုံစမ်းရတာခက်တယ်။ပျူတွေဘက်ကလည်း လက်နက်ငယ်တွေနဲ့ ကောင်တာပြန်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်”လို့ဗိုလ်မိကျောင်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊မဟာမိတ်ဖြစ်သေား ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊Buffalo Soldiers Freedom Force ၊(BGS) Drone Force Ayadow Rocket(LPDF) ၊Eagle Brothers Knight Force Ayadaw, SAGAING ၊ ဗိုလ်လင်းရောင်(ဒပယ)

ဇာမဏီဒေါင်း၊တန(၂) တပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

တဆက်ထဲမှာ ပန်းရံပျူခေါင်းဆောင်အောင်ကျော်ဆိုသူက ဒရုန်းနဲ့ PDFကဗုံးလာချလို့မရအောင် ဂျန်မာဝယ်ဖို့ တအိမ်ကို ၂သောင်းနှုန်းနဲ့ ငွေကောက်ခံနေတယ်လို့ပါသိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *