ဒီအုပ်ကြီးကအဖော်ပါခေါ်သွားတာ

စဉ့်ကူးတွင် ကျည်တောက်ပေါက်ရွာအုပ်ကြီးနှင့် ပျူစောထီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ယမန်နေ့(ဖေဖော်ဝါရီ ၂၅ ရက်)နံနက် ၁၀ နာရီခွဲခန့်က ကျည်တောက်ပေါက်ကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦးသည် အထက်တန်းကျောင်းရှေ့၌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကျည်တောက်ပေါက်ဥက္ကဌကို ဆိုင်ကယ်နှစ်စီးနဲ့ လာပစ်သွားတယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။သေဆုံးသူနှစ်ဦးမှာ (၅၉)နှစ်အရွယ် မောင်မောင် နှင့် (၅၄)နှစ်အရွယ် အောင်ဆန်းဦးတို့ ဖြစ်ပြီး ၎င်းတို့မှာ ရာအိမ်မှူးများဟု စစ်ကောင်စီက ဝါဒဖြန့်နေသည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်တော်လှန်ရေးအင်အားစုက ပြုလုပ်ခဲ့သည်ကိုမူ မသိရသေးပေ။ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းကလည်း စဥ့်ကူးမြို့နယ်၊ သီလရွာထိပ်ရှိ စစ်အုပ်စု ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။

တော်လှန်ရေးအားကောင်းသည့် စဥ့်ကူးမြို့နယ်တွင် ဖေဖော်ဝါရီ၂၅ ရက်က စစ်အုပ်စု၏ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *