ပြောပါတယ် အုပ်ကြီး တွေအသွားအလာဆင်ခြင်ပါလို့

ချောက်မြို့မှာ အုပ်ချုပ်ရေးမှူးတဦး ဘီယာသောက်နေချိန် ရှင်းလင်းခံလိုက်ရ

ဖေဖော်ဝါရီ ၂၆

မကွေးတိုင်း၊ ချောက်မြို့ အမှတ် ၁၂ ရွှေတွင်းကုန်းရပ်ကွက်ထိပ် အောင်ရတနာ ၂ ဘီယာဆိုင်မှာ အမျိုးသမီးတဦးနဲ့အတူ စားသောက်နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ဖေဖော်ဝါရီ ၂၆ ရက် ည၈ နာရီ ၁၅ မိနစ်မှာ ရှင်းလင်းခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) အဖွဲ့ဆီက သိရပါတယ်။

ရှင်းလင်းခံရသူ အသက် ၄၀ ကျော်အရွယ် ဦးအောင်ကိုဝင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးဖြစ်လာကာ ပျူစောထီးသင်တန်းတက်ရန် ရပ်ကွက်ကလူငယ်တွေကို လိုက်စည်းရုံးခဲ့တာကြောင့် အမှတ် ၁၄ စစ်ကွင်းရပ်ကွက်မှ ပြည်သူ ၂၀ ဦးခန့် ပျူစောထီးထဲဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

“ချောက်မြို့ အမှတ် ၁၂ ရွှေတွင်းကုန်းရပ်ကွက်ထိပ်၊ အောင်ရတနာ ၂ ဘီယာဆိုင်မှာ အမျိုးသမီးတဦးနဲ့ စားသောက်ပြီး ပွေ့ဖက်နေတဲ့အချိန် သေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့တာ” လို့ Chauk Guerrilla Force(C.G.F) ဒုခေါင်းဆောင် ဗိုလ်ပေတက ဆိုပါတယ်။

သေနတ်နဲ့ ၉ ချက်ခန့်ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းနဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာ ဒဏ်ရာရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့အတူ ထိုင်နေတဲ့ အမျိုးသမီးကတော့ သေနတ်ထိမှန်တာ မရှိခဲ့ဘူးလို့ Chauk Guerrilla Force(C.G.F) ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက်မှာ လုံခြုံရေးအင်အားတွေတိုးချထားပြီး ချောက်မြို့၊ ရွှေဘုံတောင်ဘက်မှာ ကား ၃ စီးနဲ့ အင်အားတွေ‌ဖြည့်ပြီး အဝင်အထွက်တွေ ပိတ်ဆို့နေတယ်လို့ သိရပါတယ်။ပုံစာ- ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *